အပိုင်း(၂၁၀)ဂူချန်း၏ဆုံးဖြတ်ချက်
"ဝူး..."
တာဟေးသည် မထီမဲ့မြင် အော်ဟစ်လိုက်၏။ သူသည် လက်မောင်းကြီးကို ဆန့်ထုတ်ကာ လက်မအား ဇောက်ထိုးလုပ်ပြလိုက်ပြီး အထင်သေးဟန်ပြသည်။
ဒီကောင်တွေက အရင်အုပ်စုထက် သတ္တိနည်းတယ်။ အရင်တစ်ခေါက်က လူတွေက သူတို့လက်နက်တွေထုတ်ပြီး ငါ့ကို တိုက်ခိုက်ရဲတယ်...။
ရှားရှန်ဟောင်သာ တာဟေး၏စိတ်ကို ဖတ်နိုင်လျှင် ရယ်ရမလား ငိုရမလား မသိဖြစ်သွားပေမည်။
ဘာလဲ။ သတ္တိ ဟုတ်လား။ အဲ့ဒါက စားလို့ရလို့လား။ မြေကြီးပဲပေါ်မှာ လဲနေတဲ့ လူတွေအများကြီးကို မြင်ရဲ့သားနဲ့ မပြေးရင်တော့ ငတုံးပဲဖြစ်လိမ့်မယ်။
"ဟားဟားဟား..."
သူတို့ ဒရောသောပါးထွက်ပြေးသည်ကိုမြင်တော့ တာဟေးက အလွန်ရယ်စရာကောင်းသည်ဟု ထင်ကာ ရယ်မောလိုက်သည်။
"ဝိုး..."
"ငါတို့နိုင်ပြီ"
"ဟားဟားဟား..."
ဂူချန်းနှင့်အပေါင်းအပါများသည် ရယ်မောပျော်ရွှင်နေကြကာ နှစ်ယောက်၊ သုံးယောက် ပူးကာ ပွေ့ချက်နေကြသည်။ စကားလုံးတစ်ခုံးတည်းဖြင့် သူတို့အားလုံး ဤဤခိုက်အတန့်တွင် ပျော်ရွှင်မှုကို အောင်ပွဲခံ ထုတ်ဖော်ခဲ့ကြ၏။
"ညီအစ်ကိုတို့ ငါတို့ ပြန်ပြီး ဂုဏ်ပြုပွဲလုပ်လိုက်ရအောင်" ရှုရုံက လက်ကိုမြှောက်ကာ အော်လိုက်သည်။
"ကောင်းတယ်"
လူများစွာမှာ ရယ်မောလိုက်ကြ၏။
ဂူချန်းသည် ကျောက်ဖုန်း၏လက်မောင်းကို ပုတ်ကာ "ကျောက်ဖုန်း ပြီးကျရင် ငါတို့ ကောင်းကောင်းသောက်ကြတာပေါ့"
"တောင်းပန်ပါတယ်။ ငါမလိုက်နိုင်ဘူး" ကျောက်ဖုန်းက ခေါင်းယမ်းလိုက်သည်။ သူက တာဟေးကိုကြည့်ကာ "ငါသူ့ကို အရင်ပြန်ပို့ပေးရဦးမယ်" ဟု ပြောလိုက်သည်။
"လူသန်ကြီးကိုပါ ငါတို့နဲ့အတူသောက်ဖို့ခေါ်လိုက်လေ" ဂူချန်းက သံသယအနည်းငယ်ဖြင့် အကြံပြုသည်။
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)
Romanceဒက်ဒီကျန်းဟန် စာစဉ် (၁၄) မှ စာစဉ်(၂၀) အထိ ကို ဒီမှာ တင်ပေးသွားပါမယ်နော်....