3K 394 1
!unicode!
မိစ္ဆာများ၌ကျယ်ပြောသောနယ်မြေပိုင်နက်ရှိသဖြင့် ဤမင်းသားများမှာကိုယ်ပိုင်အပိုင်စားနယ်မြေနှင့်နန်းတော်များရှိကြပြီး တစ်ခုချင်းစီမှာမတူညီသောနန်းတော်ပုံစံရှိကြသည်။
သျယ်ဟွေ့၏နန်းတော်ကားမြင့်မြတ်ကာတင့်တယ်လှစဉ် လော်ရှောင်း၏နန်းတော်မှာပိုပိုတင့်တယ်ကာတိတ်ဆိတ်ပြီး ရတနာနှင့်အပြင်အဆင်ပိုမိုနည်းပါးကာ ချမ်းသာကြွယ်ဝပေသည်။
ရှုလင်ကျားဒီကိုပထမဆုံးရောက်လာတုန်းက ၎င်းဟာရင်းနှီးနေသည်ဟုရှုလင်ကျားခံစားမိခဲ့ပေမဲ့ သူမတွေးမိခဲ့ပေ။ အခုမှသာလျှင် ဤနေရာရှိပုံစံကလင်ရှောင်းဂိုဏ်းမှာလော်ရှောင်းနေသည့်ခြံဝန်းနှင့်တကယ်တမ်းအလွန်တူညီနေကြောင်းသူသိလိုက်ရသည်။
လူတစ်ယောက်ကအတိတ်ကိုအလွန်မုန်းတီးလို့ရှိရင် နေရာဟောင်းမှစွန့်ခွာပြီးနောက်ပိုင်းတွင် ရင်းနှီးနေသည့်အရာအားလုံးကိုဖယ်ရှားပစ်လိမ့်မည်ဆိုသော်ငြား လော်ရှောင်းကတော့ဖြင့်အလေ့အကျင့်ကိုထိန်းသိမ်းထားသည်။ ဤသည်ကားအနည်းဆုံးတော့သူဟာမိစ်ဆာတို့ကိုမုန်းတီးခြင်းမရှိကြောင်းသက်သေပြလို့နေ၏။ ရည်မှန်းချက်မပြည့်ခဲ့သည့်နောင်တကိုအမှတ်ရနေစေရန်ဖြစ်လောက်မည်။
လော်ရှောင်းထွက်သွားသည့်နေ့ကတည်းကနန်းတော်ကိုချိပ်ပိတ်ထားခဲ့ပြီး မည်သူကမျှအထဲမဝင်ခဲ့ပေ။ အပြင်မှာရွှေနီရောင်ဂိတ်တံခါးဝနှင့်မြေကြီးပေါ်တွင်ရေညှိများဖုံးလွှမ်းနေသည့်ပန်းပွင့်များသာရှိသည်။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားအတွက်ဒီအရံအတားထဲအတင်းဖောက်ဝင်ရန်မခက်ခဲပေမဲ့ အလွန်ဆူညံသွားလို့ရှိရင် နန်းတော်ထဲမှာတကယ်ဘဲတစ်ယောက်ယောက်ပုန်းနေပါက မြွေကိုလန့်အောင်လုပ်မိသွားမည်မှာဧကန်ပင်။
ရှုလင်ကျားသည်ပတ်ဝန်းကျင်ရှိမြေပြင်အနေအထားစူးစမ်းကြည့်မိရာ သူ့နှလုံးသားလှုပ်ခတ်သွားရပြီး ကျင်းဖေးထုန်ဘက်လှည့်ကာပြုံးပြ၍ပြောလိုက်သည်။
"ကျွန်တော့်မှာနည်းလမ်းရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တစ်ယောက်ဘဲဝင်လို့ရတယ်၊ ခင်ဗျားမရဘူး....."
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Tahanan ng mga kuwento. Tumuklas ngayon