[၉၂] ကျဲ့ယီလျန်ဟွမ်|က်ဲ့ယီလ်န္ဟြမ္

2K 434 16
                                    

!unicode!

ယန်ယွီနှင့်လော်ရှောင်းကြားရှိတိုက်ပွဲအတွင်း၌ ရှုလင်ကျားဝေမုန့်ဓား၏ဓားရိုးကိုဆုပ်ကိုင်လျက် အနည်းငယ်မတ်လို​က်သည်။

ခုနကလော်ရှောင်းကသူ့ကိုသွေးတိတ်အောင်လုပ်ပေးသွားပြီဖြစ်ရာ သူမတ်တပ်ရပ်နိုင်မလားကြိုးစားကြည့်ချင်ပေမဲ့ အနည်းငယ်လှုပ်လိုက်ချိန်တွင် ဒဏ်ရာကစူးရှစွာနာကျင်သွားသဖြင့် ရွေးချယ်စရာမရှိပါဘဲ ​ကြမ်း​ပြင်ပေါ်ဒူးတစ်ဖက်ပြန်ထောက်ချလိုက်ရသည်။

ရှုလင်ကျားမသိမသာမောဟိုက်လို့နေပြီး သူ့ရှေ့ရှိလော်ရှောင်းနှင့်ယန်ယွီကြားကတိုက်ပွဲကိုကြည့်ကာ ဒီအချိန်ကိုအသုံးချ၍ဖြစ်ရပ်တစ်ခုလုံးကိုပြန်တွေးကြည့်မိရာ သူထိုအကြောင်းပိုတွေးလေလေ ပိုမိုမှားယွင်းလာလေလေပင်။

ယန်ယွီကသူ့ကံကောင်းမှုအခြားတစ်ဝက်ကိုရယူဖို့ကြိုးစားနေပြီး အခုဆိုရင်သူ့မျက်နှာကိုအလုံးစုံထုတ်ပြလာပေသည်။ အနာဂတ်မှာဒုက္ခမရောက်အောင် သူကရှုလင်ကျားကိုဒီနေ့သတ်ပစ်ရန် စိတ်ဆုံးဖြတ်ထားလေသည်။

သို့သော် ဒီခြုံခိုတိုက်ခိုက်ချက်ကအောင်မြင်သွားရင်တောင် ရှုလင်ကျားကချက်ချင်းအသတ်ခံလိုက်ရမည်မဟုတ်ဘဲ လော်ရှောင်းကသူ့ကိုကာကွယ်ပေးရင်ပေး(သို့) ထိုကံကောင်းမှုအတွက်ယန်ယွီနှင့်ယှဥ်ပြိုင်ရင်ယှဥ်ပြိုင်လောက်သည်....ဤအခြေအနေအားလုံးဖြစ်ပျက်သွားနိုင်ပေရာ ယန်ယွီကမမျှော်လင့်ထားပေ။

သို့ဖြစ်၍ သူကဒီလိုလုပ်လာတာမို့ သူ့မှာလက်ပြန်ရိုက်ချက်ရှိကိုရှိရမယ်။ သူ့ရဲ့လက်ပြန်ရိုက်ချက်ကဘာလဲ။

ရှုလင်ကျားမျက်လုံးမှေးစင်းကြည့်လိုက်ရာ လော်ရှောင်းနှင့်ယန်ယွီကတိုက်ပွဲအတွင်းမှာအတတ်နိုင်ဆုံးကြိုးစားနေပုံမပေါ်ဘဲ တစ်စုံတစ်ခုကိုစောင့်မျှော်နေသည်နှင့်ပိုတူပုံရကြောင်းတွေ့လိုက်ရသည်။

ထို့နောက် သူ၏နောက်ထပ်လှုပ်ရှားမှုကသေချာပေါက်ပို၍ပင်မမျှော်လင့်ထားကာ ခုခံရခက်လှသည်။

ဤသည်ကားလော်ရှောင်း၏နန်းတော်ပင်။ အပြင်မှာအရံအတားများရှိနေသည့်အပြင် မိစ္ဆာအစောင့်များဟာလည်းအလွန်တင်းကြပ်ပေသည်။ အရင်ကအိပ်မက်ဆိုးမိစ္ဆာ၏ကြီးမားသောတိုက်ခိုက်မှုကပ်ဘေးလုံးဝဖြစ်လိမ့်မည်မဟုတ်။ အထဲကိုလူအများအပြားခေါ်လာပြီး သူတို့ကိုဝိုင်းခိုင်းဖို့ရာယန်ယွီအတွက်မဖြစ်နိုင်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now