[၁၁၆] ရန်တုဟန်ခုံး|ရန္တုဟန္ခုံး

1.8K 291 0
                                    

!unicode!

စိမ့်ထွက်လာသည့်သွေးများကြား၌ သူ့မျက်စိရှေ့မှာပုံရိပ်များစွာဖျတ်ခနဲပျံဝဲလာပြီး ထိုအတိတ်၊ သူ့ရင်ထဲတွင်ငြိတွယ်နေသည့်ဆန္ဒမရှိမှုနှင့်ခွန်အားမဲ့မှု၊ သူနှင့်တူပေမဲ့ သူမဟုတ်ပေ။

တစ်မျိုးမျိုးဖြင့် သူဟာကိစ္စများစွာလုပ်နေချိန်တွင် သူကအကြောင်းရင်းကိုလုံးဝသိပုံမပေါ်ပေမဲ့ သူ့ကိိုထိုသို့လုပ်ရန်တိုက်တွန်းနေသည့်မဖော်ပြနိုင်သောစွမ်းအားတစ်မျိုးရှိနေပေသည်။

သူ၏လိုအင်ဆန္ဒကားပိုမိုကြီးမားသထက်ကြီးမားလာပြီး သူ့ဆန္ဒကိုမရနိုင်သည့်နာကျည်းချက်မှာပိုမိုနက်ရှိုင်းသထက်နက်ရှိုင်းလာသည်၊ သို့ပေမဲ့ ဤအခိုက်အတန့်တွင် ဒါကသူ့ရင်ထဲတွင်သူအလိုချင်ဆုံးအရာဟုတ်မဟုတ်ဟယ်ဇီကျိုးရုတ်တရက်မသိလေတော့။

လူတစ်ယောက်ရှေ့ဆက်တိုးပြီး အတပ်မက်ဆုံးအရာကဘာလဲ။ မင်းရသွားရင် တကယ်ပျော်ရွှင်မှာလား။

ဗုဒ္ဓပင်ဖြစ်စေ၊ ဟယ်ဇီကျိုးပင်ဖြစ်စေ၊ သာမန်လူတို့အတွက်ဖြစ်စေ၊ ထင်ရှားကျော်ကြားမှုနှင့်ကံကြမ္မာအတွက်ဖြစ်စေ၊ သူတို့အကုန်လုံးကဇုန်ဝူရှင်းကိုအပြီးပိုင်ရှင်းထုတ်ပစ်ချင်ကြပေမဲ့ တကယ်တော့ သူဟာသူ့ဘဝအဆုံးသတ်သွားသည်နှင့်ပျောက်ကွယ်သွားမည့်လူတစ်ယောက်မဟုတ်။ သူကားလောဘကြီးကာလှည့်စားတတ်ပြီး အငြိုးကြီးကာ အဆုံးမဲ့တည်ရှိမှုမျိုးဖြစ်သည်။

ဤလောကကြီးထဲတွင် မည်သူမဆိုဇုန်ဝူရှင်းဖြစ်လာနိုင်သည်။

ဟယ်ဇီကျိုးကမိစ္ဆာတို့ကိုရှင်းပစ်ရန်အလို့ငှာ မိစ္ဆာဝင်ပူးခံခဲ့သည်။ ချိပ်စည်းပြီးမြောက်တော့မည့်အခိုက်အတန့်တွင် သူ့အသိစိတ်ပျောက်ဆုံးသွားကာ ကပ်ဘေး၇မျိုးထုတ်လွှတ်ပြီးနောက်ကျန်ရှိသောစွမ်းအားကိုလွှတ်ထုတ်လိုက်ပြီး အခြေအနေကိုအခွင့်ကောင်းယူ၍ ကြီးထွားဖို့စောင့်​နေသည့်မျိုး​စေ့ပမာ ဟယ်ဇီကျိုးကိုယ်ထဲကပ်တွယ်နေခဲ့သည်။

ဗုဒ္ဓ၏မိစ္ဆာအတွင်းစိတ်တိုက်ခိုက်လာချိန်တစ်ပြိုင်နက်တည်း၌ ကောင်းကင်မိုးကြိုးပစ်ချလာကာ အနောက်ဘက်ဗုဒ္ဓဘုရားကျောင်းပြိုကျသွားတုန်းက ဟယ်ဇီကျိုးဟာကျားရွှမ်နှင့်မင်ချီတို့၏ချစ်ဒုက္ခကပ်ဘေး၏စွမ်းအားကိုနားလည်အောင်လုပ်ရန်အလို့ငှာ ထိုနေရာနားရောက်နေခဲ့သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now