[၁၁၂] အိုက်ယွီလျန်ယွင်|အိုက္ယြီလ်န္ယြင္

2.3K 339 4
                                    

!unicode!

တိုက်ဆိုင်မှုမဟုတ်ဘဲ ကျင်းဖေးထုန်ကဗုဒ္ဓကရှုလင်ကျားကိုတပည့်အဖြစ်လက်ခံလိုက်ချိန်တွင်ပီလော့နန်းတော်ကိုပြန်ရဖို့ဖြစ်လာခဲ့သဖြင့် ကြိုမသိထားခဲ့ပေ။ ပထမဆုံးအကြည့်တစ်ချက်တည်းနှင့် သူစိမ်းတစ်ယောက်ရောက်သည်ကိုကြားလိုက်ရရာ အစကတကယ်စိတ်ပျက်ဖွယ်ရာအတိ။

ရလဒ်အနေဖြင့် သူ​ပီလော့နန်းတော်၏ကိစ္စရပ်များကိုဖြေရှင်းပြီးသွားပြီးနောက်ရှီးထျန်ကိုပြန်လာချိန်တွင် ဗုဒ္ဓကမကောင်းဆိုးဝါးမိစ္ဆာများကိုသတ်ဖြတ်ရန်အပြင်ထွက်သွားခဲ့ပြီး တောင်ထွတ်ပေါ်ရှိကိုရင်လေးအား ကျင်းဖေးထုန်ကသူ၏ရှစ်တိကိုဂရုစိုက်ရန်စကားပါးပေးဖို့မှာကြားခဲ့သည်။

မြင့်မြတ်သောကျင်းအရှင်မှာတစ်အောင့်မျှမိန်းမောသွားရပြီး သူဟာမျောက်လောင်းလေး၏စျေးပေါသောကလေးထိန်းဖြစ်လာတော့မည်ဟုတွေးမိရင်း ပို၍ပင်စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။

နောက်ပိုင်းသူရှုလင်ကျားနှင့်တွေ့ဆုံသွားချိန်တွင် သူ့ကိုဒုက္ဒပေးမည့်ကံမကောင်းသောရှစ်တိမှာထိုကဲ့သို့ဖြစ်နေလိမ့်မည်ဟုမထင်ထားမိပေမဲ့ မျှတစွာဖြင့် ရှုလင်ကျားကလည်းသူ့ကိုမုန်းတီးနေပြီး ကျင်းဖေးထုန်မှာမကောင်းသောရည်ရွယ်ချက်များစွာရှိသည်ဟုခံစားခဲ့ရသည်။ သူဟာလည်းအထူးသဖြင့်လျို့ဝှက်နက်နဲမှုတစ်စွန်းတစပြသရသည်ကိုနှစ်ခြိုက်ပေရာ ခြုံပြောရရင် သူကအရိုက်ခံရဖို့ထိုက်တန်သည်။

သို့ဖြစ်၍ နှစ်ဦးသားမှာတစ်ခဏတာမကောင်း​မြင်နေခဲ့ကြပြီး ၎င်းကယခုမူအလွန်အဖိုးတန်သောမှတ်ဉာဏ်တစ်ခုဖြစ်လာလိမ့်မည်မှန်းမည်သူသိမည်နည်း။

ဒီတစ်ခေါက်သူပြောပြလိုက်ချိန်တွင် ရှုလင်ကျားသည်လည်းထိုအရာများကိုတွေးမိသွားကာ အပြုံးတစ်ပွင့်နှင့်ပြောမိသည်။
"အငြိုးကြီးတဲ့အတွက်ရှစ်ရှုန်းကျွန်တော့်ကိုအပြစ်တင်နိုင်လို့လား။ ကျွန်တော်တို့စတွေ့တုန်းကအစ်ကိုကမကောင်းတဲ့မျက်နှာကြီးဆင်​မြန်းထားတာလေ၊ ကျွန်တော်တကယ်ရိုက်ပစ်ချင်ခဲ့တာ။ ဒီလောက်နှစ်တွေကြာတာတောင်အစ်ကိုမပြောင်းလဲသွားဘူးပဲ၊ နောက်ပိုင်းကျွန်တော်တို့မြို့ငယ်လေးမှာတွေ့ကြတော့ ကျွန်တော်အတိတ်မေ့နေပေမဲ့ ကျွန်တော်အစ်ကို့မျက်နှာအမူအရာကို​မြင်လိုက်ရချိန်မှာ ကျွန်တော့်လက်သီးချက်ချင်းယားလာတော့တာပဲ!"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now