[၃၀] ပျံလွှားခြင်း|ပ်ံလႊားျခင္း

5K 943 28
                                    

"တစ်ခါတလေကျတော့လည်း ဒီလောကကြီးထဲမှာရှင်သန်ရတာက...ကောင်းသားပဲ။"

___________________________________________

ကျိုးချင်းချန်ကားဆရာတစ်ဆူဖြစ်ထိုက်ပါပေသည်။ သူ့မျက်လုံးများမှာ​ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအချိန်တုန်းက ရှုလင်ကျားရှေ့ထွက်၍ ကျန်းရွေ့ကိုသူ့ဓားဖြင့်ဖိအားပေးခဲ့သည်။ လူတိုင်းအံ့သြကာချီကျူးနေကြသော်လည်း သူတစ်ယောက်တည်းကသာလျှင် ရှုလင်ကျား၏သေစေနိုင်သောအားနည်းချက်ကိုသတိထားမိသွားသည်။

လွန်ခဲ့သောနှစ်နှစ်တုန်းကရှုလင်ကျားဒဏ်ရာရပြီးပြန်နိုးလာသော် သူ၏အစွမ်းအစများမှာအသုံးမဝင်တော့ဘဲ နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့သောအရာများမှာပျက်စီးသွားကြောင်း သူကြားခဲ့ရသည်။

သို့သော်ပြန်ကောင်းရန်ထပ်ခါတလဲလဲကြိုးစားအားထုတ်ပြီးနောက် စနစ်နှင့်တွေ့ဆုံကာ တောင်ထွတ်၊ စိတ်ပျက်အားငယ်မှု၊ မမျှတခြင်းတို့ကိုချန်ရစ်ထားခဲ့ကာ သူတဖြည်းဖြည်းချင်းဓားသွေးထားမိသည်။

ယခုကျိုးချင်းချန်၏စကားများကိုကြားလိုက်ရတော့ ရှုလင်ကျားဗြောင်ကျကျဝန်ခံလိုက်မိသည်။

ကျိုးချင်းချန်ကခေါင်းခါကာဆိုသည်။
"ငါပြောတာအဲ့ဒါမဟုတ်ဘူး။ ငါကအဲ့ဒီ့အချိန်တုန်းကမင်းရဲ့တိုက်ကွက်ကိုပြောနေတာကွ။ အဲ့ဒါကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ မင်းကိုဘယ်သူသင်ပေးခဲ့တာလဲ။"

ရှုလင်ကျားဘာကြောင့်မှန်းမသိပေ။
"လင်ရှောင်းဂိုဏ်းရဲ့ဓားသိုင်းပေါ့ဗျ။"

ကျိုးချင်းချန်ကရယ်မောကာဖြင့် သူ့ကိုမရှင်းပြဘဲ ကျင်းဖေးထုန်ကိုပြောလိုက်သည်။
"ဖုန့်ဟွမ်အာ၊ ဒီကိုလာအုံး၊ မင်းကမော့လော်ဓားသိုင်းကိုတတ်တာမို့ မင်းရဲ့ရှစ်တိလေးနဲ့တိုက်ကွက်နည်းနည်းဖလှယ်လိုက်စမ်းပါကွာ။"
နာမည်ကိုကြားလိုက်ရတော့ ရှုလင်ကျားကြောင်အမ်းသွားရသည်။ ထို့နောက်ကျင်းဖေးထုန်ကသူ့ခါးနားတွင်လက်ကိုဝေ့ရမ်းလိုက်ရာ ငွေဖြူရောင်ကိုယ်ထည်နှင့်ဓားရှည်တစ်လက်ပေါ်လာသည်ကို သူမြင်လိုက်ရတော့သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now