[၈၁] ဘယ်တော့မှပြန်မလာဘူး|ဘယ္ေတာ့မွျပန္မလာဘူး

2.2K 372 0
                                    

!unicode!

သူတို့နှစ်ဦးစကားပြောနေစဥ် လော်ရှောင်းကအသံမြှင့်ကာ အခြားတစ်ဖက်မှအော်ခေါ်လာသည်။
"လင်ကျား!"

ရှုလင်ကျားခေါင်းငြိမ့်ကာ သဘောတူလိုက်ပြီး ကျင်းဖေးထုန်ကိုပြောလိုက်သည်။
"သာ့ရှစ်ရှုန်းကျွန်တော့်ကိုခေါ်နေပြီ၊ ကျွန်တော်တစ်ချက်သွားကြည့်လိုက်အုံးမယ်။"

ကျင်းဖေးထုန်ပြောလိုက်သည်။
"မင်းရဲ့သာ့ရှစ်ရှုန်းကိုပြောလိုက်အုံး၊ ကိုယ့်မှာဂိုဏ်းမျိုးစုံကကျင့်ကြံသူတွေနဲ့အရေးကြီးတာတစ်ခုခုပြောစရာရှိတာမို့ ကိုယ်စီစဥ်ပြီးတိုင်ပင်ဖို့ ဒီနေရာကိုခဏငှားပေးဖို့မျှော်လင့်ပါတယ်လို့။"

ရှုလင်ကျားသူ့ပါးစပ်နှင့်မေးလိုက်သည်။
"ဇုန်ဝူရှင်း?"

ကျင်းဖေးထုန်ကသူ့ခေါင်းကိုလက်ချောင်းများနှင့်အသာတို့ထိကာ အပြုံးတစ်ပွင့်ဖြင့်ခေါင်းငြိမ့်ပြလာသည်။

လော်ရှောင်းကလုကျန်းကိုခေါ်သွားရန်အမိန့်ပေးလိုက်ပြီးနောက် ခေါင်းလှည့်လိုက်ရာ ရှုလင်ကျားရောက်လာသည်ကို​မြင်လိုက်ရသဖြင့်ပြောလိုက်သည်။
"ဒီကနေ့လုပ်ဆောင်ချက်ကလှသားပဲ၊ နောက်ဆုံးတော့လုကျန်းရဲ့မျက်နှာအစစ်အမှန်ကိုလူထုရှေ့မှာဖော်ထုတ်လိုက်နိုင်ပြီ၊ မင်းရဲ့ကြိုးစားပေးမှုအတွက်ကျေးဇူးပါပဲကွာ။"

ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်ဘာမှမကြိုးစားပေးခဲ့ပါဘူးဗျာ။ တကယ်တော့ ကျွန်တော်ဂရုမစိုက်မိလိုက်တာ။ ကျွန်တော်သာလုကျန်းကိုအသက်ရှင်လျက်ဖမ်းလိုက်နိုင်လို့ရှိရင် ကျွန်တော်သူ့ကိုပိုမေးလိုက်နိုင်မှာလေ။ ဒါပေမဲ့အခုကျသူသေသွားပြီး သဲလွန်စတွေပါပျက်ဆီးသွားတော့ ဒီကိစ္စတွေနောက်ကွယ်ကအရာရာတိုင်းကိုစီစဥ်နေတဲ့လူကိုရှာဖွေဖော်ထုတ်ဖို့ခက်သွားပြီ။"

လော်ရှောင်းကရယ်မောကာဆိုသည်။
"တုံးအတဲ့စကားလုံးတွေပါလား၊ ဒါကသိသိသာသာကိုမိစ္ဆာတစ်ကောင်ကစီစဥ်နေတာ။ လုကျန်းသူနဲ့ပူးပေါင်းလိုက်တဲ့အချိန်ကစပြီး သူ့မှာသေရမဲ့ကံပါလာပြီးသား၊ ဒီတော့မင်းသူ့ကိုဘယ်လိုလုပ်ပြီးတားနိုင်မှာလဲ။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now