[၅]နွေဦးဝါရောင်ပြန်|နွဦေးဝါရောင်ပြန်

7.7K 1.2K 16
                                    

"မြေကြီးပေါ်မှာကြမ်းပိုးတွေအများကြီးရှိတာကို မင်းမြင်တယ်နော်။ မင်းကစားဖို့ ငါနှစ်ကောင်ဖမ်းပေးရမလား။"

______________________________________________

ထိုအခိုက်၊ ခပ်လှမ်းလှမ်းတွင်ရှိသောခေါက်ဆွဲဆိုင်မှတစ်ယောက်ယောက်က အော်ပြောလာသည်။
"ရှောင်ကျန်း၊ ရှောင်ကျန်း၊ ဧည့်သည်တစ်ယောက်ရောက်လာပြီ၊ နင်ပြန်လာအုံးမှာလား။"

ရှောင်ကျန်းသည်မိန်းမငယ်လေး၏အမည်နာမဖြစ်ကာ သူမသည်မြန်မြန်ဆန်ဆန်ထရပ်လိုက်ပြီး လည်တိုင်ပေါ်တွင်ဓားတစ်ချောင်းချိတ်လျက်သားဖြင့် သူမဟာ ရှုလင်ကျားအားတွန့်ဆုတ်စွာဖြင့်နှုတ်ဆက်စကားဆိုပြီးနောက် ခေါက်ဆွဲဆိုင်ဆီသို့ပြန်ပြေးသွားတော့သည်။

ရှုလင်ကျားသည်တိတ်တိတ်လေးလိုက်သွားကာ ခေါက်ဆွဲဆိုင်ဘေးရှိသစ်ပင်ကြီးနောက်တွင်ပုန်းလိုက်ချိန်၊ လမ်းမပေါ်ရှိသူဖုန်းစားအိုကြီးက ဆိုင်ပိုင်ရှင်အမျိုးသမီးကိုဆဲဆိုနေသည်ကို သူကြားလိုက်ရပေသည်။

"ကျုပ်ပြောမယ်၊ ဝမ်မိသားစုရဲ့ချွေးမ၊ မင်းကသိပ်ကိုနှလုံးသားမဲ့တာပဲ။ ကောင်းပြီလေ။ ကျုပ်ဒီမိန်းကလေးကိုကူညီခွင့်ပေးဖို့ဆန္ဒရှိနေတုန်းပဲ။ မင်းရဲ့စီးပွားရေးထိခိုက်မှာကို မင်းမစိုးရိမ်ဘူးလား။"

ဆိုင်ပိုင်ရှင်အမျိုးသမီးက သူမ၏လက်ကိုရှေ့ဖုံးခါးစည်းနှင့်သုတ်ကာ မထူးခြားမခြားနားစွာဆိုသည်။
"ကျွန်မလက်ရာကိုစားရတဲ့ကြိုက်တဲ့သူတွေက အသိအကျွမ်းတွေကြီးပဲ။ သူတို့လာချင်ရင်လာမှာပဲ။ ရှောင်ကျန်းရဲ့အဖေနဲ့အမေဆုံးသွားတာကြောင့်မဟုတ်ရင် ညီအစ်မနှစ်ယောက်က ဘယ်သူမှမသွားတဲ့သရဲအိမ်ကြီးထဲမှာ ဘယ်လိုလုပ်ပြီးနေနိုင်ပါ့မလဲ။ ဒီလောကမှာ လူကောင်းတွေကချီးမြှောက်ခံရပြီး နှလုံးသားထဲမှာမကောင်းတဲ့စိတ်ရှိနေရင်တော့ ကံဆိုးမှာကိုကြောက်နေကြမှာပဲ!"

စားသုံးသူအများအပြားကနားထောင်နေကြပြီး သူမကိုချီးကျူးလိုက်မိကြကာ တော်တယ်ဟုဆိုသည်။

သို့ပေမဲ့ သူဖုန်းစားမှာအရက်မူးစွာရယ်သွမ်းလာသည်။
"လူကောင်းသူကောင်းတွေကချီးမြှောက်ခံရတယ်တဲ့လား။ ဘာ့! လူကောင်းတွေသာတကယ်ပဲကံကောင်းတယ်ဆိုရင် အဲ့ဒီ့သရဲခြောက်တဲ့အိမ်ထဲမှာသေသွားတဲ့လူတွေကဘာပြောလာကြမလဲ။ မသေမျိုးမိသားစုကအရမ်းကိုအစွမ်းအစရှိတယ်မလား။ အခုတော့သွားပြီလေ။ မင်းသာကျုပ်ကိုပြောစေချင်တယ်ဆိုရင် လောကကြီးမှာဘာအကြောင်းပြချက်မရှိဘူး၊ ကျုပ်လိုသူဖုန်းစားအိုကြီးထက် ဘယ်ဟာကပိုကောင်းအုံးမှာလဲ။ ကျုပ်ကဘယ်နေရာမှာမှမတော်ဘူး၊ ဘာအလုပ်မှလဲမလုပ်ဘဲ လမ်းမပေါ်မှာလဲလျောင်းရင်း အရက်လေးသောက်လိုက်နဲ့  သိပ်ကိုပျော်စရာကောင်းတာကွ!"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now