3.6K 705 70
!unicode!
ကျန်းရွေ့ထိုလှုပ်ရှားမှုကိုလုပ်လိုက်သော် ကောင်းကင်တစ်ဝက်မှာမီးလျှံတို့ကြောင့်သွေးနီရောင်ပြောင်းသွားသည့်အလား ပတ်ပတ်လည်ရှိနှင်းစက်များမှာ ချက်ချင်းဆိုသလိုမြူခိုးဖြူများအဖြစ်အသွင်ပြောင်းသွားသည်။
"အာ-"
လူတိုင်းအာမေဋိတ်သံပြုမိကြသည်။
ကောင်းကင်ဘုံကိုလောင်ကျွမ်းစေခြင်းသိုင်းဟာလေ့ကျင့်ရမလွယ်ပေ၊ ကျန်းရွေ့ကဒီတစ်ခေါက်တွင်ရှည်ကြာသောတိုက်ပွဲကိုကြုံတွေ့နေရသည်။ သူသည်မောပန်း​နေသော်လည်း သူ့တွင်ထိုလှုပ်ရှားမှုလုပ်ဖို့စွမ်းအင်ရှိနေသေးသည်က​ပြောဖို့ရာကျိုးကြောင်းသင့်သည်။
ဤရှုထောင့်မှနေ၍ သူဟာရှုလင်ကျားနှင့်တိုက်ခိုက်နေစဥ် သူ့ခွန်အားကိုပင်ပြန်လည်ရရှိလာသည်လား။
ထိုသို့ဆိုလျှင် ဤလူကားသိပ်ကိုနက်နဲလှသည်။
တောက်လောင်နေသောမီးလျှံထဲတွင် ရှုလင်ကျား၏အသက်ရှုနှုန်းမြန်လာကာ နားထင်နှစ်ဖက်စလုံးတွင်တစစီဆွဲဖြဲခံရသကဲ့သို့နာကျင်မှုတစ်ခုရှိနေသည်။
သူထိုနေ့ကိုသတိရသွားပြန်သည်။
ထိုနေ့မှစ၍ ပြီးမြောက်စွာမလေ့ကျင့်ရသေးသည့်ကောင်းကင်ဘုံကိုလောင်ကျွမ်းစေခြင်းသိုင်းကျင့်စဥ်အတွဲဟာ သူ့ဓားရေးလမ်းစဥ်ကိုအဆုံးသတ်သွားစေလုမတတ်ဖြစ်သွားသည်မို့ သူထိုဓားရေးကျင့်စဥ်ကိုလုံးဝမသုံးတော့ပေ။
မထင်မှတ်ထားစွာဖြင့် ကျန်းရွေ့ကဒါကိုလေ့ကျင့်ခဲ့သည်!
ထို့အပြင် အနေအထား၊ ရှုထောင့်၊ ခွန်အားနှင့်သူ့မျက်နှာထက်ရှိမျက်နှာထားပင် ရှုလင်ကျားနှင့်ဆင်တူနေပေသည်။
ဓားစွမ်းအင်ကိုခံစားမိရာ သူဟာနောက်ထပ်သူကိုယ်တိုင်နှင့်တိုက်ခိုက်နေသည်ဟုရှုလင်ကျားရုတ်ခြည်းခံစားလိုက်ရကာ ထိုကြက်သီးထဖွယ်ကောင်းကာခွန်အားမဲ့သောစိတ်ခံစားချက်တစ်မျိုးကသူ့နှလုံးသားထဲထပ်မံဝင်ရောက်လာခဲ့သည်။
ရှုလင်ကျားအလျင်စလိုဖြင့်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိသည်။ ထိုအခိုက် သူရှောင်သင့်ကြောင်းသိသော်လည်း စွမ်းအင်လှိုင်းတစ်လှိုင်းကသူ့ရင်ထဲတဟုန်ထိုးတိုးဝင်လာပေသည်။
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now