[၁၀]နာကျည်းချက်အထုံး|နာက်ည္းခ်က္အထုံး

6.1K 1K 13
                                    

ကျင်းဖေးထုန်၏မျက်လုံးများလက်သွားကာ "ကောင်းပြီ"ဟုပြောလိုက်၏။

................................................................................

ကျင်းဖေးထုန်သည် ခြံဝန်းအလယ်ဗဟိုရှိထိုက်ဟုကျောက်တုံးထံသို့ တည့်တည့်မတ်မတ်လျှောက်သွားပြီးဖြစ်၏။

သူ၏ခန့်မှန်းချက်ဟာလည်း ရှုလင်ကျားနှင့်အတူတူပင်ဖြစ်သည်။ ခုနကရန်ပွဲအတွင်းတွင် နတ်သမီးဝမ်ယန်ကားသွမ့်ဟောင်ရန်၏ပစ်ပေါက်ခြင်းခံလိုက်ရကာ ထိုကျောက်တုံးရှေ့မှောက်သို့ကျသွားခဲ့သည်။ ပြောရရင် ဒါကအဆုံးသတ်တွင်သူမသေဆုံးသွားခဲ့သောနေရာပင်။ မကျေနပ်ချက်မှာအလွန်ပြင်းထန်လွန်းသဖြင့် မှော်စက်ဝန်းဖြစ်လာရန်အတွက်သင့်တော်ပေသည်။

ဟုတ်၊မဟုတ်ကတော့ မင်းတစ်ချက်ကြည့်ရုံနှင့်သိလိမ့်မည်။

သို့သော် ဤအခိုက်အတန့်တွင် ရှုလင်ကျားချက်ချင်းဆိုသလိုအရှေ့ကိုရွေ့သွားပြီး လူတစ်ကိုယ်လုံးရုတ်တရက်ချဥ်းကပ်သွားကာ ကျင်းဖေးထုန်ရှေ့ကိုသွားလိုက်ပြီး အသံနိမ့်ဖြင့်အော်လိုက်သည်။
"နေပါအုံး!"

ကျင်းဖေးထုန်ပြုံးလျက် သက်ပြင်းချပြီး မေးလိုက်သည်။
"ရှုရှစ်တိ၊ ဘာဖြစ်လို့လဲ။"

ရှုလင်ကျားသည် သူ့အပြုံးနောက်ကွယ်ကစိတ်မရှည်မှုကိုကြားလိုက်ရပြီး ဂရုမစိုက်ဘဲ ပြောလိုက်၏။
"ရှစ်ရှုန်း၊ ဒီနေရာမှာနေနေတဲ့ မွေးရာပါခြေထောက်မသန်တဲ့မိန်းကလေးတစ်ယောက်ရှိတယ်။ အစ်ကိုကစိတ်လိုက်မာန်လုပ်နေတာပဲ။ အစ်ကိုလူတွေကိုသွားစရာနေရာမရှိမဖြစ်စေချင်ဘူးမလား။"

သူသည်"ခြေထောက်မသန်"ဟူသောစကားလုံးကို အသာဖိပြောလိုက်သဖြင့် ကျင်းဖေးထုန်၏မျက်ဝန်းထဲတွင်အံ့အားသင့်သောအကြည့်တစ်ချက်ဖြတ်ပြေးသွားကာ သူ့နှလုံးသားအနည်းငယ်လှုပ်ခတ်သွားရပေမဲ့ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏မျက်နှာထားမှာ ပုံမှန်ပြန်ဖြစ်သွားသည်။

ဘယ်ညာလှမ်းကာအယောင်ပြလိုက်ပြီး ရှုလင်ကျားကိုပတ်ရှောင်သွားလိုက်ကာ ထိုက်ဟုကျောက်တုံးထံကိုလက်ဝါးနှင့်ရိုက်ချလိုက်ပြီး အပြုံးတစ်ပွင့်နှင့်ပြောလိုက်သည်။
"ဒီနေရာကမဂ်လာမရှိဘူး။ များမကြာမီဖျက်ဆီးခံရတော့မှာ။ ဒါပေမဲ့ ဒါကိုဖျက်ဆီးပစ်ဖို့ကိုယ့်လက်ကိုငှားလိုက်ရုံပဲလေ။ ကွဲပြားခြားနားမှုရှိလို့လား။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Opowieści tętniące życiem. Odkryj je teraz