[၁၁၇] ဖေးယွင်ဟွားပိ|ေဖးယြင္ဟြားပိ

2K 283 1
                                    

!unicode!

ဤအချိန်တွင် ပတ်ဝန်းကျင်မှာသူတို့အတူကြီးပျင်းလာခဲ့ကြသည့်စိတ်ဝိညာဥ်တောင်ထွတ်ဖြစ်သွားပြီး ထိုနေရာမှာကျင်းဖေးထုန်နေသည့်နေရာ"အန်းယင်လိုင်ရှန်း"ဟူခေါ်သည့်ခြံဝန်းငယ်လေးဖြစ်သည်။

ဗုဒ္ဓကသူ့ကိုဒီ​နေရာမှာမကြာခဏပညာသင်ကြားပေးခဲ့ပေမဲ့ ယခုမူရှုခင်းမှာမှုန်ဝါးလို့​နေကာ လူတို့မှာပြောင်းလဲသွားပုံမပေါ်ပေမဲ့ ၎င်းဟာစိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းလား၊ အမှန်တကယ်လားဆိုတာကိုတော့ဖြင့်သူတို့မသိပေ။ အတိတ်တုန်းကဗုဒ္ဓ၏သနားကရုဏာကြီးမားကာပြောင်ရှင်းသောမျက်နှာထက်တွင်မဖော်ပြနိုင်လောက်သောမိစ္ဆာဆန်ကာမည်းမှောင်သောအကြည့်ရှိခဲ့သည်ကိုသာသူတို့ခံစားမိလိုက်သည်။

ကျင်းဖေးထုန်ဘေးကိုမသိမသာလှည့်ကာ ရှုလင်ကျားရှေ့မှာလက်တစ်ဖက်ကာလျက်ရပ်လိုက်သည်။

ခုနကတိုက်ခိုက်မှုကသူ့မေးရိုးကိုပွန်းသွားစေကာ သူ၏ဝတ်ရုံလက်မှာသွေးတို့ပေကျံလျက်ရှိသည်။

ကျင်းဖေးထုန်စိတ်အေးအေးထားကာ ခြေလှမ်းအနည်းငယ်ရှေ့တိုး၍ မေးလိုက်သည်။
"ခင်ဗျားကဘယ်သူလဲ။ ဟယ်ဇီကျိုးလား။ ဒါမှမဟုတ် ဗုဒ္ဓရဲ့မိစ္ဆာအတွင်းစိတ်လား။"

"ဆရာကိုသတ်တဲ့သစ္စာဖောက်၊ ငါ့ကိုရှစ်စွင်းလို့တောင်မခေါ်တော့ဘူးပေါ့?"

သူထိုသို့ပြောလိုက်ချိန်တွင် သူကရုတ်တရက်လက်မြှောက်လိုက်ရာ ထူးခြားဆန်းကြယ်သောစွမ်းအားကပတ်ဝန်းကျင်မှဆန်တက်လာပြီး လေထဲတွင်ကြီးမားသောသားရိုင်းအဖြစ်ပြောင်းသွားကာ ကျင်းဖေးထုန်၏ခေါင်းပေါ်အုပ်ကိုင်လာသည်!

ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့နှစ်ဦးစလုံးမျက်စိသူငယ်အိမ်ကျုံ့လိုက်မိကြသည်၊ တစ်ဖက်လူ၏တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ ထိုနေရာရှိအသက်ဓာတ်အလုံးစုံမှာဗုဒ္ဓ၏မြင့်မြတ်သောစွမ်းအားကြောင့်ချက်ချင်းသက်ဝင်လာကာ သေခြင်းတရား၏သန်မာသောအရှိန်အဝါထွက်လာပြီး တောက်လျှောက်ပျံ့နှံ့သွားသည်။

ကျင်းဖေးထုန်၏စိတ်ထဲတွင်အတွေးတစ်ခုပေါ်လာပြီး ဓားရှည်မှာပတ်ချာလည်ပျံထွက်သွားကာ ဓားအရိပ်ကနှင်းမျက်နှာပြင်ပမာလည်ထွက်သွားပြီး ထိုကြီးမားသောလက်ရှေ့မှာကာဆီးကာ ၎င်းနှင့်တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Wo Geschichten leben. Entdecke jetzt