[၃၁] မနက်နှင့်ညနေကုန်ဆုံးသွားပြီ|မနက္ႏွင့္ညေနကုန္ဆုံးသြားၿပီ

4.7K 901 18
                                    

"ရှုလင်ကျားသည်ကျင်းဖေးထုန်၏ရင်ဘတ်မှဝမ်းဗိုက်အောက်ပိုင်းထံလျှောက်သွားကာ သူ့မျက်နှာပေါ်သို့ရေနောက်တစ်ခွက်လောင်းချလိုက်လေ၏။"

___________________________________________

သူအိပ်မက်ထပ်မက်နေမှန်း ကျင်းဖေးထုန်ရှင်းလင်းစွာသိနေသည်။

-------အိပ်မက်ထဲမှာသာမဟုတ်လျှင် ယခုကဲ့သို့သူလုံးဝဖြစ်လိမ့်မည်မဟုတ်။ သူသည်ဝတ်ရုံလက်များလိပ်တင်လျက်သားဖြင့် သစ်ပင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်နေရင်း သူ့လက်ထဲရှိခြင်းတောင်းထဲတွင် ကြက်သားခေါက်ဆွဲစွပ်ပြုတ်တစ်ပန်းကန်ကိုကိုင်ထား၏။

ဆန်ခေါက်ဆွဲကားပူနွေးသောရနံ့ထုတ်လွှတ်ပေးကာ သူ့ကိုစားစရာအနံ့များစွဲသွားစေပြီး သူ့ဝတ်ရုံပေါ်တွင်ပင်အနံ့စွဲနေကာ အမြဲတမ်းတသီးတသန့်နေတတ်သောကျင်းဖေးထုန်ကို အနည်းငယ်အဆင်မပြေဖြစ်အောင်ပြလုပ်လျက်ရှိသည်။

သို့သော် သူထိုပစ္စည်းများကိုအောက်မချလိုက်သကဲ့သို့ အိပ်မက်မှနိုးအောင်လည်းမကြိုးစားမိပေ။

အဘယ်ကြောင့်ဆိုသော် ဤရှုထောင့်မှနေ၍ သစ်ပင်ပေါ်မှတဆင့်အောက်ငုံ့ကြည့်လိုက်သော် အောက်ဖက်ရှိကျင်းအဆောင်၏ပြတင်းပေါက်မှဖြတ်၍ အခန်းအတွင်းရှိလူတစ်​​ယောက်ကိုမြင်နိုင်ပေသည်။

ထိုလူ၏ပုံရိပ်ကားအနည်းငယ်ပိန်ပါးပြီး ကျောပြင်ကိုကြည့်ရတာတော့ဆယ်ကျော်သက်တစ်ယောက်ဖြစ်ရမည်ပင်။ ထိုအခိုက်အတန့်တွင်၊ သူသည်စားပွဲပေါ်တွင်ကိုယ်အပေါ်ပိုင်းမှီလျက်သားထိုင်နေကာ လက်ထဲတွင်စုတ်တံတစ်ချောင်းကိုင်ထားရင်းဖြင့် စားပွဲပေါ်တွင်တစ်ခုခုရေးနေကာ ပျင်းနေပုံရသည်။

သူမည်သည့်ပုံစံရှိမှန်း ကျင်းဖေးထုန်မမြင်ရပေ။ သို့ပေမဲ့ တစ်ဖက်လူကိုမြင်လိုက်ရချိန်တွင် ပျော်ရွှင်သောခံစားချက်တစ်ခုကသူ့နှလုံးသားထဲကိုချက်ချင်းဆန်တက်လာသည်ကို သူရှင်းလင်းစွာခံစားမိသည်မို့ သူထံသွားပြီးစကား​ပြောရန်မစောင့်နိုင်တော့ပေ။

သူသည်သူ၏အလိုဆန္ဒအလျောက်လိုက်နာကာ သစ်ပင်ပေါ်ကခုန်ဆင်းလိုက်ပြီး ဟိုဟိုဒီဒီကြည့်ကာ တံခါးဝရှိအစောင့်များကိုရှောင်ရှားလိုက်ပြီး ပြတင်းပေါက်ကိုတွန်းဖွင့်၍ ပေါ့ပါးစွာခုန်ဝင်လိုက်၏။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now