3.7K 686 3
!unicode!
ကုယင်နှင့်လျန်ချန်းဟွာတို့ရောက်ရှိလာခြင်းကြောင့် မည်သူကမျှကျင်းဖေးထုန်၏ထွက်ခွာမှုကိုသတိမထားမိကြပေ။
ရှုလင်ကျားသည်အကြီးအကဲနှစ်ယောက်ကိုအရိုအသေပေးပြီးသော် ကုယင်ကခေါင်းငြိမ့်ပြပေမဲ့ လျန်ချန်းဟွာကသူ့ပုခုံးနှစ်ဖက်ကိုဖိချကာပြောလာသည်။
"လျို့ဝှက်ဂူပွင့်မလာတာနှစ်ရာချီကြာနေပြီ၊ ဒီနေ့မင်းကသူရဲကောင်းငယ်လေးဖြစ်တာမို့ မင်းအရမ်းယဥ်ကျေးနေဖို့မလိုပါဘူးကွာ၊ မင်းရဲ့ဒဏ်ရာကောဘယ်လိုနေလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"အကြီးအကဲရဲ့စိတ်ပူမှုအတွက်ကျေးဇူးတင်ပါတယ်၊ ဒီတပည့်အဆင်ပြေပါတယ်။"
လျန်ချန်းဟွာကဆိုသည်။
"ကောင်းတယ်၊ မင်းကပါရမီရှိတယ်လို့ငါကြားမိတော့ အရင်ကဓားစမ်းသပ်ရေးညီလာခံတွေမှာမင်းကိုလိုက်ရှာခဲ့သေးတယ်။ သနားစရာက ငါမင်းကိုတွေ့လိုက်တိုင်း တိုက်ဆိုင်မှုချည်းဘဲဖြစ်နေတယ်။ ဒီတစ်ခေါက်ကတော့ တကယ်အံ့သြစရာပဲ။ ငယ်ရွယ်တဲ့မျိုးဆက်သစ်တွေထဲမှာ မင်းကထိုက်တန်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီးသား။ အခုတောင်ထွတ်ထိပ်ကလျို့ဝှက်ဂူပွင့်သွားပြီဆိုတော့ မင်းအချိန်မရွေးဝင်သွားလို့ရတယ်။ မင်းဒီအခွင့်ကောင်းကိုရယူပြီး ပိုမြင့်တဲ့အဆင့်ကိုတက်နိုင်ဖို့ငါမျှော်လင့်မိတယ်။"
သာမန်သဘောကောင်းသောအကြီးအကဲပမာ သူကစကားအနည်းငယ်မျှအားပေးပြောဆိုသွားပေမဲ့ ကုယင်းကသူ့ဘေးတွင်ရုတ်တရက်ပြောလာသည်။
"ငါကြားတာကတော့ မင်းကဟယ်ဂိုဏ်းချုပ်နဲ့ပဋိပက္ခဖြစ်ပြီးတော့ လင်ရှောင်းဂိုဏ်းကထွက်သွားပြီး ပြန်သွားဖို့ငြင်းဆန်နေတယ်ဆို?"
ရှုလင်ကျားပြောလိုက်သည်။
"ဟုတ်ပါတယ်။"
ကုယင်ကခပ်ပေါ့ပေါ့ပြောလာသည်။
"မင်းမှာအရည်အချင်းရှိပေမဲ့ လူငယ်တွေကသူတို့ရဲ့ဒေါသကိုဘယ်လိုထိန်းချုပ်ရမလဲမသိဘူးဆိုရင် သိပ်မကြာခင်ခံစားရလိမ့်မယ်။ ငါကမင်းရဲ့ဂိုဏ်းကဆရာမဟုတ်ပေမဲ့ ဒီကိုလာတဲ့တစ်စုံတစ်ယောက်အနေနဲ့ ငါကလည်းအများကြီးတွေ့ကြုံခဲ့ရတာမို့ မင်းကိုသတိပေးလိုက်မယ်၊ မင်းမဆင်မခြင်ပြုမူနေလို့ရှိရင် မင်းခေါင်းဖြတ်ခံရဖို့လွယ်တယ်။"
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now