2K 376 4
!unicode!
ကျင်းဖေးထုန်အဆောင်စာရွက်ကိုသေချာဂရုတစိုက်သိမ်းဆည်းကာ သူ့လက်ကိုတစ်ဝက်မြှောက်၍ သူ၏နောင်တနှင့်ခေါင်းကိုက်မှုကိုဖုံးကွယ်ရန်ပင့်သက်နှစ်ချက်ရှိုက်လိုက်မိသည်။ သူဖြည်းညှင်းစွာမျက်လုံးဖွင့်လိုက်ချိန်တွင် သူ့မျက်နှာကားမျက်နှာဖုံးဝတ်ထားပုံပေါ်ကာ အတိတ်ကသိမ်မွေ့မှုနှင့်မထူးခြားမခြားနားလုနီးပါးပင်။
ခုနကဒီကိုပြေးလာသည့်အရိပ်နက်ကိုရှာမတွေ့တော့ပေရာ ၎င်းဟာသူနှင့်ရှုလင်ကျားနှင့်ဆက်ဆံရေးအချို့ရှိနေပုံရသဖြင့် လက်လွတ်စပယ်တိုက်ခိုက်လိုက်လို့မရပေ။
ကျင်းဖေးထုန်တစ်အောင့်မျှတန့်သွားပြီးနောက်ရုတ်တရက်ပြောမိသည်။
"ကျင်းကရှီးထျန်ရဲ့တပည့်ဂိုဏ်းသားဖြစ်ခဲ့ဖူးတယ်။"
သူ၏အသံကားညင်သာပေမဲ့မကျယ်လောင်ဘဲ စကားလုံးများကနေရာအနှံ့ရှင်းလင်းစွာပျံ့နှံ့သွားချေသည်။
ကျင်းဖေးထုန်ပြောလို့ပြီးသွားသော် တစ်အောင့်မျှတန့်သွားကာထပ်ပြောမိသည်။
"ခင်ဗျားခုနကဘယ်နေရာကထွက်လာမှန်းကျွန်တော်မြင်လိုက်ရတာမို့ ခင်ဗျားနောက်တောက်လျှောက်လိုက်ခဲ့တော့ မထင်မှတ်ထားစွာနဲ့ဒီနေရာကိုပြန်ရောက်လာတယ်။ ခင်ဗျားကဒီကစိတ်ဝိညာဥ်စွမ်းအားကိုမကြောက်ဘူးဆိုမှတော့ ခင်ဗျားကမကောင်းဆိုးဝါးမိစ္ဆာမဟုတ်ဘဲ ဒီနေရာနဲ့ဆက်နွယ်နေရမယ်။ ခင်ဗျားကဘယ်သူလဲ။ ကိစ္စဒီလိုဆိုမှတော့ ဘာလို့လူလုံးထွက်မပြကြည့်ရတာလဲ။"
သူ​ပြောလို့ပြီးသွားသော် ပတ်ဝန်းကျင်မှာတိတ်ဆိတ်လို့နေပြီး ကျင်းဖေးထုန်အလျင်မလိုဘဲစိတ်ရှည်စွာစောင့်ဆိုင်းနေပုံရပေမဲ့ တကယ်တမ်း၌ သူ၏စိတ်ဝိညာဥ်အသိစိတ်မှာဒီနေရာတစ်ခုလုံးတွင်ဖြန့်ကျက်ထားသဖြင့် တစ်ဖက်လူ၏လှုပ်ရှားမှုတိုင်းက သူ၏စောင့်ကြည့်မှုအောက်မှာရှိနေသည်။
အကယ်၍ အရိပ်နက်ကအမွှေးတိုင်တစ်ဝက်စာအတွင်းမှာသူ့ဘာသာသူမထွက်လာဘူးဆိုရင် သူလည်းပဲယဥ်ကျေးနေလိမ့်မည်မဟုတ်။
သူကစိတ်ဝိညာဥ်အသိစိတ်နှင့်ထောင့်တိုင်းကိုရှာဖွေလိုက်ရာ သစ်ပင်ထိပ်ဖျားတို့ကိုလေဖြတ်တိုက်သွားသံ၊ ချယ်ရီပန်းတို့တရှဲရှဲလှုပ်ခတ်သွားသံ၊ ရေတသွင်သွင်စီးဆင်းနေပြီး ကမ်းခြေပေါ်ကကျောက်တုံးများကိုရိုက်ခတ်သွားသံနှင့် ပုစဥ်းရင်ကွဲများ၏တကျီကျီမြည်သံတိုးတိုးတို့ကိုကြားလိုက်ရသည်။
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now