[၇၁] ဟောက်ချီပင်းမေ့|ေဟာက္ခ်ီပင္းေမ့

2.3K 409 1
                                    

!unicode!

ချောင်ကျိကလက်ထဲတွင်ဓားကောက်ကိုင်ထားလျက်သားဖြင့် အစ်ကိုတော်သုံးဦးရှေ့တွင်ပိတ်ရပ်လိုက်သည်။ ဓားသွားတစ်ချက်လွှဲခုတ်လိုက်ရာ မိစ္ဆာစွမ်းအင်ပေါက်ထွက်လာပြီး သူတို့ပတ်လည်ရှိအဆိပ်သင့်မြူကိုဖယ်ရှားသွားလေသည်။

တကယ်တမ်းတွင် တစ်ခဏစာကြိုးစားအားထုတ်မှုသာဖြစ်ပေမဲ့ ပတ်ဝန်းကျင်မှာဖရိုဖရဲဖြစ်နေပြီးဖြစ်သည်။

အပြင်ဘက်ရှိအစောင့်များမှာထိတ်လန့်သွားကြပြီး မင်းသားတို့ကိုကာကွယ်ရန်နန်းဆောင်ထဲပြေးဝင်လာကြသည်။

နန်းတွင်းအစေခံအမျိုးသမီး၏ကိုယ့်ကိုယ်ကိုဖောက်ခွဲမှုကားအချက်ပြမှုပမာ။ သူမပေါက်ကွဲသွားပြီးနောက်၌ အစောင့်များမှာစိတ်လွတ်သွားပုံရကာ သူတို့၏မျက်ဝန်းများမှာဗလာနတ္တိဖြစ်လို့နေပြီး သူတို့ဟာလည်းတစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လာသည်။ တစ်စုံတစ်ယောက်ကသူတို့အပေါ်တွင်မန္တာန်တစ်ခုခုချထားသည်မှာသိသာလှပေ၏။

သျယ်ဟွေ့ကချောင်းဆိုးကာ ခပ်ကျယ်ကျယ်အော်ပြောမိသည်။
"အသက်ရှင်အောင်နေ!"

ရှုလင်ကျားသည်တံခါးဝတွင်ရပ်နေခဲ့ပြီး ဖရိုဖရဲဖြစ်စဥ်တွင် သူဟာလူအုပ်ကြီးထံမှတွန်းတိုက်ခံလိုက်ရကာ အစောင့်အုပ်ကြားထဲတွင်ပြေးဝင်သွားမိ၏။

အထဲကိုတစ်ခါတည်းဝင်သွားသည့်လူအရမ်းများလွန်းလှပြီး အထဲတွင်ရန်သူမှာအနည်းငယ်ရှိသောကြောင့် ၎င်းတို့ဟာသူတို့ပြိုင်ဖက်မဟုတ်ကြပေ။ ရှုလင်ကျားမှာလူအုပ်ထဲတွင်ရောပါသွားရသဖြင့် သူ့ကိုယ်သူပိုမိုသာမန်ဖြစ်ပုံပေါ်စေရန်အလို့ငှာ လက်ထဲရှိလှံတံကိုအကြိမ်အနည်းငယ်မျှသာမန်ကာလျှံကာဝေ့ရမ်းလိုက်ရသည်။

ချီရှင်းပြောလာသည်ကိုသူကြားလိုက်ရသည်။
"စတုတ္ထညီတော်၊ မင်းရဲ့နန်းတော်ထဲမှာဘယ်လိုအရာတွေရောဝင်နေတာလဲ?! မင်းခုနကငါ့အကြောင်းပြောနေသေးပေမဲ့ မင်းကိုယ်တိုင်ကကောဒီကိစ္စကိုတမင်ရည်ရွယ်ချက်ရှိရှိစီစဥ်ထားခဲ့တာမဟုတ်ပါဘူးနော်?"

သျယ်ဟွေ့ကဆိုသည်။
"ကျွန်တော်ဒီကိစ္စကိုသေချာစုံစမ်းပေးပါ့မယ်။ ကျွန်​တော်တို့ကြားကပဋိပက္ခတွေကအမြဲတမ်းတံခါးနောက်ကွယ်မှာပဲကို။ အစ်ကိုတော်ရာ၊ ကျွန်တော်ကဘာလို့ဒီလိုလုပ်ရမှာတဲ့လဲ။"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Место, где живут истории. Откройте их для себя