မိတ်ဆက်|မိတ္ဆက္

36.5K 1.9K 63
                                    

!Unicode!

ရှုလင်ကျား၏မူရင်းခန္ဓာကိုယ်အသွင်သည်ကား နူးညံ့အိစက်သောမြေခွေးဖြူဖြစ်၏။

မျိုးနွယ်စုထဲက အခြားကလူမြူဆွယ်တတ်သောမြေခွေးတွေလိုမဟုတ်ဘဲ သူကားမိမိုက်ကာ သွေးအေးသောမြေခွေးတစ်ကောင်ဖြစ်ပေသည်။

-- လူတွေကိုဘယ်တော့မှမဖြားယောင်းဘဲ ချစ်စဖွယ်အပြုအမူများကိုလွယ်လင့်တကူလုပ်မပြတတ်ပေ။

တစ်နေ့သ၌၊ သူကား ထာဝရရှင်သန်သူတို့၏ဝတ္ထုထဲတွင် တကယ်တမ်းနေထိုင်နေသည်ဖြစ်ကာ ထိုဝတ္ထုထဲတွင် သူဟာအမြှောက်စာဇာတ်ကောင်ဖြစ်နေသေးကြောင်း သိလိုက်ရတော့သည်။ သူကား နေရာတိုင်းတွင်ကံဆိုးမိုးမှောင်ကျရုံသာမက သူ၏ဆွေမျိုးနှင့်သူငယ်ချင်းမိတ်ဆွေများပင် မလိုအပ်ကြပေ။

[ဒင်! ဟယ်လို၊ သင်က ဟူအောင့်ထျန်းစနစ်နှင့်ပေါင်းစည်းလိုက်ပါပြီ၊ ပြီးတော့ တာဝန်တွေကိုပြီးမြောက်အောင်လုပ်ဆောင်ခြင်းအားဖြင့် ဒီစနစ်က သင့်ကို အမြှောက်ဇာတ်ကောင်ကနေပြောင်းလဲပေးပြီး မြေခွေးဘဝရဲ့ထိပ်ဆုံးကိုရောက်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။]

ယခုမူ တာဝန်လုပ်ဆောင်နေစဥ်:

[ဒင်! ဗီလိန်အစ်ကိုမှာ မိစ္ဆာစိတ်ရှိနေတယ်။ ကျေးဇူးပြုပြီး သူ့ကို သင့်ရဲ့နားရွက်ဖွာဖွာလေးတွေလှုပ်ပြပြီး ဘဝရဲ့ချစ်စဖွယ်ကောင်းမှုတွေကိုပြသလိုက်ပါ။]

[ဒင်! အရေးကြီးတဲ့အမျိုးသမီးဇာတ်ရံက သူမရဲ့အချစ်ကိုဆုံးရှုံးလိုက်ရပါတယ်။ ကျေးဇူးပြုပြီး သင့်ရဲ့နူးညံ့တဲ့အမြှီးဖွာဖွာကြီးနဲ့ သူမကိုမျက်ရည်ခြောက်အောင်သုတ်ပေးလိုက်ပါအုံး။]

[ဒင်! "မိန်းမဝတ်ပန်းရောင်မြေခွေးဝတ်စုံ"ကိုရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျေးဇူးပြုပြီး level 1ကိုတက်ဖို့ အဲ့ဒီ့ဝတ်စုံကိုသုံးရက်တိတိဆက်ဝတ်ထားပါ။]

[ဒင်! သင့်ရဲ့"ဂျူနီယာဟူအောင့်ထျန်း"ကိုအောင်အောင်မြင်မြင်ပရိုမိုးရှင်းဆင်းလိုက်နိုင်ပြီး ဝတ္ထုကိုပြောင်းပြန်လှန်နိုင်တဲ့ပက်ကေ့ချ်ကိုရရှိသွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။]

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now