[၄၃] ကျဲ့ယွီချယ်ရီ|က်ဲ့ယြီခ်ယ္ရီ

4.2K 755 26
                                    

!uncode!

နောက်ပွဲစဥ်မှာကြိုးစားကြည့်ချင်သည့်တစ်စုံတစ်ယောက်ရှိသေးပေရာ သူ့အနားရှိလူများမှာနောက်ဆုံးတွင်လူစုခွဲသွားကြပြီး ရှုလင်ကျားမှာလူအုပ်ထဲမှထွက်နိုင်သွားကာ သူ့ထိုင်ခုံထံပြန်လာခဲ့သည်။

ကျင်းဖေးထုန်ကအချိန်အကြာကြီးကြည့်နေခဲ့ခြင်းပင်။ ဤတစ်ကြိမ်၌မူ သူကမတ်တပ်ထရပ်ကာ လက်မောင်းတစ်ဖက်မြှောက်၍ ရှုလင်ကျားကိုလှမ်းဖက်လိုက်သည်။ နှစ်ယောက်သားပုခုံးချင်းတိုက်သွားသည်။ ကျင်းဖေးထုန်ကသူ့ကျောပြင်ကိုပုတ်ကာပြောလာသည်။
"မင်းနိုင်သွားပြီပဲ၊ ဂုဏ်ပြုပါတယ်ကွာ။"

သူကရှုလင်ကျားကိုခပ်မြန်မြန်လွှတ်ပေးကာပြုံးပြလာသည်။
"အရမ်းကောင်းတယ်။"

ရှုလင်ကျားသည်ကျင်ဖေးထုန်ကိုကြည့်လိုက်မိ၏။ ယခုအချိန်မတိုင်ခင်အထိ သူ့ရင်ထဲကအားနည်းချက်မှာတပည့်ဂိုဏ်းသားများကြောင့်ဖြစ်ပေါ်လာသောပျော်ရွှင်မှုကြောင့်ရုတ်တရက်အဝေးလွင့်ပြယ်သွားသယောင်။

တစ်ဖက်လူ၏ပျော်ရွှင်မှုက ရှုလင်ကျားအားထိုအကြောင်းတွေးမိကာ ၎င်းကတကယ့်ကိုကောင်းမွန်သည်ဟုခံစားသွားရစေသည်။

သူသည်ဂိုဏ်းမှထွက်လာခဲ့ပြီး နာကျည်းမှု၊ မွန်းကြပ်မှုနှင့်တရားမမျှတမှုတို့ကြောင့်မနစ်မွန်းသွားခဲ့ပေ။ ရှုလင်ကျားသည်တစ်ရက်ပြီးတစ်ရက်သူ့ကိုယ်သူအရှုံးပေးကာ မကောင်းသောစိတ်ခံစားချက်များရှိသည့်စိတ်ညစ်နေသောလူတစ်ယောက်မဖြစ်လာချင်ပေ။

သို့သော် ၎င်းဟာ သူတောင်ထွတ်ပေါ်ကဆင်းလာသည်နှင့် လင်ရှောင်းဂိုဏ်းအတွက်သူ၏ခံစားချက်များအားလုံးပျောက်ဆုံးသွားသည်ဟုမဆိုလို။

ယခင်ကတွေ့ကြုံခဲ့ရသည့်ပျော်ရွှင်မှုနှင့်နွေးထွေးမှုတို့မှာအတုအ​ယောင်မဟုတ်ပေ။ သူတစ်ချိန်ကကြီးပျင်းလာခဲ့သည့်နေရာဟာသူ့ကိုအရိပ်အာဝါသပေးခဲ့ပေရာ ၎င်းလိုအပ်ချိန်တွင် ဤနေရာကိုကာကွယ်ရန်သူ့မှာအစွမ်းအစရှိနေသေးသည်မို့ သူလည်းပဲပျော်ရွှင်ဝမ်းမြောက်မိသည်။

ထို့အပြင်အတိတ်တုန်းကရရှိခဲ့သည့်ဒဏ်ရာနှင့်အမာရွတ်တို့ဟာတဖြည်းဖြည်းချင်းသက်သာလာသည်၊ သူ၏ကျင့်စဥ်အခြေတည်ဆောက်ပုံပျက်စီးသွားခဲ့သည့်နာကျင်မှုမှ ဓားကိုတစ်ဖန်ပြန်ကိုင်လိုက်ချိန်တွင်ဖြစ်ပေါ်လာသည့်ဇဝေဇဝါဖြစ်မှုဆီသို့၊ နောက်ဆုံးတွင်ကိုယ့်လမ်းကိုယ်ရှာဖွေရန်...

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now