1.9K 378 4
!unicode!
ဤအခိုက်အတန့်၌ ဟယ်ဇီကျိုးနှင့်အခြားသူများကလည်းကျင်းဖေးထုန်၏မူမမှန်မှုကိုမြင်သွားကာ သူ့ရင်ထဲတွင်မိစ္ဆာရှိနေမှန်းသိသွားပြီး အခုဆိုရင်သူဟာထိန်းချုပ်မှုလွတ်ထွက်သွားလုနီးပါးဖြစ်နေပေသည်။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာကားသူ့နံဘေးတွင်အမည်မသိဇစ်မြစ်နှင့်မိစ္ဆာစွမ်းအင်များဖြင့်ပြည့်နှက်နေသည့်ချောက်နက်တစ်ခုရှိနေခြင်းပင်။ ကျင်းဖေးထုန်သာအထဲရှိအတွေးမိစ္ဆာများကြောင့်သက်ရောက်ခံလိုက်ရပြီး ပိုမိုစိတ်လွတ်သွားလို့ရှိရင် အလွန်အန္တရာယ်ကြီးသောအခြေအနေဖြစ်လိမ့်မည်ဖြစ်ကာ သူတို့ကအပြင်းဆုံးဒဏ်ခံရလိမ့်မည်ပင်။
ဟယ်ဇီကျိုး၏အမြင်၌ ကျင်းဖေးထုန်ကားကြိုတင်ခန့်မှန်းမရသည့်အပြင် သွေးအေးကာနက်နဲသဖြင့် တစ်ဖက်လူကရှုလင်ကျားကြောင့်ဤမျှပမာဏအထိစိတ်လွတ်သွားလိမ့်မည်ဟုသူလုံးဝမထင်ထားမိပေ။
သူချိန်ဆကာ ချက်ချင်းဆုံးဖြတ်ချက်ချ၍ ကျယ်လောင်စွာပြောလိုက်သည်။
"ငါသွားပြီးရင် အားလုံးနောက်ဆုတ်ကြ!"
ဟယ်ဇီကျိုးပြောရင်းလက်ဝေ့ရမ်းလိုက်ကာတစ်ချိန်တည်း၌ သူ့ဓားကိုခက်ထန်စွာဆွဲထုတ်လိုက်ပြီး ၁၀လက်ထက်ပိုသောဓားများကအတန်းလိုက်ထွက်လာပြီး လေထဲတွင်အလင်းကွန်ရက်တစ်ခုရက်လုပ်သွားကာ ကျင်းဖေးထုန်ကိုတိုတောင်းစွာတားမြစ်လိုက်ပြီးနောက် တမဟုတ်ချင်းပြန်ပျံသန်းလာသည်။
သို့သော် သူ၏အရှိန်မှာအလွန်အမင်းမြန်ဆန်သော်ငြား ကျင်းဖေးထုန်၏တန်ပြန်တိုက်စစ်မှထွက်လာသည့်ဓားစွမ်းအင်ကြောင့်မလွဲမသေဒဏ်ရာရသွားကာ အတွင်းဒဏ်ရာရသွားပြီး သွေးအန်လိုက်မိသည်။
သူဒဏ်ရာရသွားကာသွေးအန်ပြီး အလန့်တကြားနောက်ပြန်ဆုတ်လိုက်ချိန်တွင် သူ့ရင်ထဲမှာသူ့ကိုယ်သူမေးနေသည့်အသံတစ်သံရှိနေသယောင်။
"လူတစ်ယောက်အတွက်သန်မာချင်တာကပြစ်မှုတစ်ခုလား။"
"မင်းဒီလိုစွမ်းအားမျိုးကိုမနာလိုမဖြစ်ဘူးလား။ အဆုံးမဲ့စွမ်းအားအောက်မှာ နိယာမတွေကခေါင်းညွှတ်ရလိမ့်မယ်။ မင်းသန်မာမှသာ ဒီနေ့မင်းလိုမျိုးအရှက်ရစရာမဖြစ်မှာ!"
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now