[၁]အိပ်မက်ကမ္ဘာ|အိပ္မက္ကမၻာ

18K 1.5K 21
                                    

"ဘဝရဲ့အသွေးအသားက ကင်းမြီးကောက်ထဲမှာရှိတယ်။ အားထုတ်ကြိုးပမ်းရသောအလုပ်က နွေဦးရာသီတွင်သစ်ပင်စိုက်ရာမှလာသတဲ့။"

—နလန်ရှင်းတိရဲ့ 'ခါငှက်ကောင်းကင်ဘုံ'။

_______________________________________________________________

ပြတင်းပေါက်အပြင်ဖက်၌၊ ကောင်းကင်ယံကား ကြည်လင်ရှင်းသန့်နေကာ လေထုမှာလည်း နွေးထွေးပြီး ငှက်ငယ်လေးများမှာ သစ်ရွက်များအောက်ခြေရှိပန်းပွင့်ဖက်များကြားထဲမှ တကျီကျီတကျာကျာတေးဆိုနေကြသည်။ ဤကား နွေဦးပင်ဖြစ်ချေ၏။

ပြတင်းပေါက်အတွင်းတွင်မူ ကြီးကျယ်ခမ်းနားသောပြစ်ဒဏ်စီရင်ခြင်းဟောခန်းမကြီးတစ်ခုကား တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ နေရောင်ခြည်ပင်ဤနေရာသို့ရောက်ရှိလာသောအခါ ဖျော့တော့အေးစက်လာပြီး နေရာတိုင်းတွင်အပ်ကျသံသာကြားရလုနီးပါးပင်။

ရှုလင်ကျားသည် အနုစိတ်ဒီဇိုင်းများနှင့်ပုံဖော်ထားသော ပြတင်းပေါက်ဘောင်မှအဝေးကိုကြည့်ကာ တစ်ခုခုတွေးနေမိ၏။

——သူကား 'တန့်ရှန်း'ဟုခေါ်သော မသေမျိုးကျင့်ကြံရေးဝတ္ထုထဲတွင် နေထိုင်နေခဲ့ခြင်းဖြစ်ကာ သူကား အဓိကဇာတ်ဆောင်အတွက်အထူးပြုသော အမြှောက်စာဇာတ်ကောင်တစ်ခုဖြစ်သည်။

သူ၏တည်ရှိမှုသည် အဓိကဇာတ်ဆောင်၏သိမ်မွေ့သောစရိုက်အားနိုးထစေကာ ဆိုးဝါးသောအရာများအားလုပ်ဆောင်ပြီးနောက် စင်မြင့်ပေါ်မှထွက်ခွာသွားမှသာ တစ်ဖက်လူကပိုမြင့်မားသောအဆင့်သို့တက်ရန် သူ့အားနင်းချသွားနိုင်မည်ဖြစ်သည်။

"ရှုရှစ်ရှုန်း၊ ဂိုဏ်းချုပ်ကအမိန့်ပေးလိုက်တယ်။ ကျေးဇူးပြုပြီး စစ်ဆေးမေးမြန်းဖို့အတွက် အတွင်းခန်းမထဲကိုဝင်လာခဲ့ပါတဲ့။"

အနက်ရောင်ဝတ်ရုံဝတ်ထားသော ပြစ်ဒဏ်ပေးခန်းမ၏ဂိုဏ်းသားကား သူ့ကိုဖိတ်ကြားရန်အလျင်စလိုထွက်လာခဲ့သည်။ ရှုလင်ကျားခေါင်းအသာငြိမ့်ပြကာ "ဒုက္ခပေးမိပြီ။"ဟုပြောလိုက်ပြီး အရင်ဝင်သွားလိုက်သည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now