[၈၀] ဇစ်ချူချန်းမီ|ဇစ္ခ်ဴခ်န္းမီ

1.9K 383 0
                                    

!unicode!

"သူ...သူ....ဘယ်လိုဖြစ်ပြီး...."

လော်ရှောင်းကိုအနီးကပ်စူးစိုက်ကြည့်ရင်း သူတို့ထဲကတစ်ယောက်မှာကူကယ်ရာမဲ့စွာရေရွတ်မိသည်။
"ငါအမြင်မှားတာလား။ ဒါက..."

သူပြောလို့မပြီးသေးခင် သူ့လည်ပင်းတင်းကြပ်သွားသည်ကိုရုတ်ခြည်းခံစားလိုက်ရကာ သူ့အသံတစ်သံမျှမထွက်နိုင်တော့ပေမဲ့ သူ့ဘေးရှိအခြားတစ်ယောက်မှာဘာဖြစ်နေမှန်းမသိဘဲ ခေါင်းလှည့်ကာသူ့အဖော်၏စကားလုံးကိုအဖြေပေးဖို့ပြင်လိုက်ချိန်တွင် သူ့အနောက်တွင်အသာအယာရယ်မောနေသည့်အသံတစ်သံကိုကြားလိုက်ရသည်။
"မင်းဘာကြည့်နေတာလဲ။"

သူချက်ချင်းခေါင်းလှည့်ကြည့်လိုက်ပေမဲ့ လေထဲတွင်လှိုင်းအသာခတ်သွားပြီး ဖောက်မြင်နိုင်သောအပြုံးမျက်နှာတစ်ခုကလေထဲမှထွက်ပေါ်လာသည်ကိုမြင်လိုက်ရကာ ထို့နောက်၎င်းကသူ့ထံရုတ်တရက်ခုန်ဝင်လာသည်။

မိစ္ဆာမျိုးနွယ်စုသံတမန်နှစ်ဦးမှာတစ်အောင့်မျှဆွံ့အသွားရသည်။ သူတို့ဟာအစစ်အမှန်(သို့)အတုအယောင်ဖြစ်သည့်အလား သူတို့မိန်းမောနေမိသည်ကိုသာခံစားမိချေသည်။

အခြားဂိုဏ်းရှိလူများမှာနှစ်တစ်ရာတွင်မြင်ခဲရသောဤကဲ့သို့မြင်ကွင်းနှင့်ကြုံတွေ့ရလိမ့်မည်ဟုမထင်ထားမိပေ။ သူတို့သည်နှစ်ဦးနှစ်ဖက်တိုက်ခိုက်နေပုံကိုရပ်ကြည့်နေကြပြီး ဝင်မတားနိုင်သကဲ့သို့ထွက်လည်းမသွားနိုင်ကြပေ။

သူတို့ဘာလုပ်ရမည်မှန်းမသိဖြစ်နေချိန်တွင် ကျင်းဖေးထုန်ပြောလာသည်ကိုကြားလိုက်ရပေသည်။
"ဒီကနေ့လူစုံတက်စုံရှိနေတာပဲ။ ပီလော့နန်းတော်ကလည်းခင်ဗျားတို့နဲ့ဆွေးနွေးစရာအရေးကြီးကိစ္စလေးတွေရှိတော့ အချိန်ကောင်းတစ်ခုဖြစ်သွားတာပေါ့ဗျာ။"

အချိန်တစ်ခုစာမျှ တည်ခင်းဧည့်ခံမည့်လူလုံးဝမရှိပေရာ ကျင်းဖေးထုန်အေးချမ်းသွားရပြီး တစ်စုံတစ်ယောက်အားထိုင်ခုံနှင့်စားပွဲများရွှေ့လာခိုင်းကာ သူနှင့်အတူသေရည်ဝိုင်၅အိုးကိုပင်ယူလာစေသဖြင့် သူဟာထိုအခိုက်အတန့်တွင်လူတိုင်းထက်ပို၍သက်တောင့်သက်ဖြစ်စွာထိုင်လို့နေသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now