[၃]ပင်လယ်ထဲတွင်ပျံဝဲနေသောဖုန်မှုန့်|ပင္လယ္ထဲတြင္ပ်ံဝဲေနေသာဖုန္မႈန့္

8.4K 1.4K 52
                                    

"ယောက်ျားရင့်မာကြီးတစ်ယောက်သွေးနှင့်ချွေးထွက်နေတာကမှ အမှန်အကန်လုပ်ရမယ့်အရာလေ။ ချစ်စရာကောင်းတယ်ဆိုတာကဘာကြီးလဲ!"

___________________________________________________

"ရှစ်တိ!"

ရှုလင်ကျားတစ်ယောက်တောင်ထွတ်ဂိတ်တံခါးဝမှလျှောက်ထွက်လာသည့်တစ်ခဏတွင် တစ်စုံတစ်ယောက်ကသူ့အားခေါ်လာသည်ကို သူကြားလိုက်ရသည်။

သူလှည့်ကြည့်လိုက်ရာ သိပ်မဝေးသည့်အနောက်တွင်ရပ်နေသောလူတစ်ယောက်ကိုမြင်လိုက်ရပြီး အရပ်ရှည်၊သွယ်လျလျနှင့် ဆီးနှင်းသဖွယ်ဖြူလွသောဝတ်ရုံကိုဝတ်ဆင်ထားကာ ယင်းကား ရှစ်ရှုန်းလော်ရှောင်းဖြစ်ပေ၏။

ဤရှစ်ရှုန်းသည် အမြဲတစေကျန်းမာရေးမကောင်းသည်ဖြစ်ရာ တံခါးအတွင်းရှိအကြီးအသေးကိစ္စအဝဝကိုသာကိုင်တွယ်လေ့ရှိသည်။ များသောအားဖြင့် သူဟာအေးချမ်းသောစိတ်နှင့်နောက်ဆုတ်နေလေ့ရှိပြီး သန့်ရှင်းစင်ကြယ်သဖြင့် ပြစ်ဒဏ်ပေးဟောခန်းမထဲတွင်ရှိမနေပေ။

သူသတင်းရလိုက်သဖြင့်စိုးရိမ်သွားမိရာ ဒီကိုအလျင်စလိုရောက်ရှိလာရခြင်းပင်။

ရှုလင်ကျားနောက်လှည့်လာသည်ကိုမြင်လိုက်ရပြီးနောက် လော်ရှောင်းတစ်ယောက်သူ့အားသိမ်းသွင်းဖို့ရန်များများစားစားမပြောဘဲ သူ့လက်ကိုတိုက်ရိုက်မြှောက်ကာ သူ့အားမှော်အိတ်တစ်လုံးပေးလိုက်ပြီး ယင်းထဲတွင် ငွေအဆောင်စာရွက်ကဲ့သို့သော လိုအပ်မည့်အရာတချို့ပါဝင်သည်။

ရှုလင်ကျားသည်မှော်အိတ်အားလှမ်းယူလိုက်ကာ ခပ်ဖွဖွပြုံးလိုက်ပြီး သူ့နှလုံးသားထဲရှိမြူနှင်းမှုန်မှာချက်ချင်းပျောက်ကွယ်သွားသည်ကို ရုတ်ခြည်းခံစားမိလိုက်သည်။

သူဝတ်ရုံလက်ကိုကွေးကာ သူ့လက်တွေကိုစုလိုက်ပြီး လော်ရှောင်းအားခေါင်းငြိမ့်အရိုအသေပေးလိုက်သည်။

လော်ရှောင်းဟာလည်းခေါင်းငြိမ့်ကာ ပြန်လည်အရိုအသေပေးလာသည်။ ညီအစ်ကိုနှစ်ဦးသားသည်တစ်ယောက်နှင့်တစ်ယောက်တစ်အောင့်မျှကြည့်နေကြကာ မည်သူကမျှဘာမှမဆို။ အနည်းငယ်ခါးကိုင်းလိုက်ပြီးနောက် ရှုလင်ကျားပြန်လှည့်ကာ တောင်ထွတ်ဂိတ်ဝကိုကျော်လွန်၍လှမ်းကာ တောင်အောက်သို့ခြေလှမ်းကျဲများဖြင့်ဆင်းသွားသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now