[၆၉] ကျင်းမော့လင်ရန်း|ကျင်းမော့လင်ရန်း

2.5K 448 0
                                    

!unicode!

ရှုလင်ကျား၏စကားလုံးများနှင့်ပတ်သတ်၍စိတ်ပျက်စရာအကောင်းဆုံးအရာမှာ နားထောင်ရမကောင်းသော်လည်း မှန်ကန်နေခြင်းဖြစ်သည်။

သူဒဏ်ရာအပြင်းအထန်မရခင်တုန်းက သူ့တွင်ထူးကဲသောပါရမီစွမ်းရည်နှင့်ထူးချွန်သောဓားရေးတို့ရှိသဖြင့် ဤမျိုးဆက်ထဲရှိတပည့်ဂိုဏ်းသားတစ်ဦးကမျှသူ့ကိုမယှဥ်နိုင်။ ယခုတွင်သူဟာရှင်းဇုန်၏ဓားကျင့်စဥ်ကိုနားလည်သိမြင်သွားပြီး နန်ဇီတောင်ထွတ်၏လျို့ဝှက်ဂူထဲတွင်အရင်ကသူလေ့လာသင်ယူခဲ့သည့်အရာကိုမှတ်မိသွားသဖြင့် ဓားရေးအရာတွင် အလွန်မြင့်မားသောအကျိုးရလဒ်ရှိလာသည်။

လက်ရှိလူများထဲတွင် မည်သူတစ်ဦးတစ်ယောက်တွင်မျှ ရှုလင်ကျားကိုဆန့်ကျင်နိုင်သည့်ခွန်အားလုံးဝမရှိမှာစိုးသည်။

ထို့အပြင် သူဟာသန်မာပေမဲ့မောက်မာလှသည်။

လုကျန်း၏မျက်နှာပြာနှမ်းသွားရကာ သူဟာပြစ်ဒဏ်စီရင်ရေးနန်းဆောင်ထဲရှိတပည့်ဂိုဏ်းသားအားလုံးကို ချိပ်စည်းဖော်ရန်အမိန့်ပေးလိုက်လို့ရှိရင် ယင်းချန်နှင့်ရှုလင်ကျားကိုအတူအနိုင်ရဖို့ရာ သူ့တွင်အခွင့်အရေးမည်မျှရှိမလဲဟု ရင်ထဲတွင်ချိန်ဆမိသည်။

ရှုလင်ကျား၏စကားများကိုကြားလိုက်ရရင်း ယင်းချန်ကသူဘေးတွင်သူ့လည်ပင်းပေါ်ကသွေးကိုသုတ်ပစ်ကာ ရယ်မောလိုက်မိသည်။

ရှုလင်ကျားခေါင်းလှည့်ကာပြောမိသည်။
"မင်းဘာရယ်နေတာလဲ။"

ယင်းချန်ကဆိုသည်။
"ရယ်နေတာ၊ တချို့လူတွေကမောက်မာပြီး နိုင်လိုမင်းထက်ဆန်နေတုန်း တချို့တချို့တွေကတော့ကြွက်တွေလိုသေးနုတ်နေတယ်လေ။"

"မင်းကကောမမောက်မာဘူးလား။ မင်းကအရာရာတိုင်းကိုဖြစ်သွားစေတာလေ။"

ရှုလင်ကျားပြောမိသည်။
"မင်းလည်ပင်းမကျိုးသေးတဲ့ပုံပဲ။"

သူ့လည်ပင်းပူလောင်နေပြီး သူ့အရေပြားရှသွားသည်ကို ယင်းချန်ခံစားမိတာကြာပြီဖြစ်သည်။ သူပြုံးလိုက်မိသည်။
"ကိစ္စမရှိဘူး။ ငါရိုက်ချင်ရင်သူ့ကိုရိုက်လို့ရတယ်!"

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Där berättelser lever. Upptäck nu