[၁၀၃] ယိပေါ်ယွင်ရွှေ|ယိေပၚယြင္ေ႐ႊ

2K 402 11
                                    

!unicode!

လူတိုင်းသည်ပီလော့နန်းတော်၏အစောင့်ထံမှတင်ပြချက်ကိုနားထောင်မိကြသည်။ ဖြစ်ပုံမှာ ဟယ်ဇီကျိုးနှင့်အခြားသူတို့တပ်ခေါက်သွားပြီးနောက်ပိုင်းတွင် အခြားကျင့်ကြံသူများကယန်ယွီ၏တည်နေရာကိုရှာဖွေလိုသည့်ရည်ရွယ်ချက်ဖြင့် မိစ္ဆာမျိုးနွယ်စုထံရောက်လာခဲ့ကြသည်ပင်။

အဆုံး၌ ယန်ယွီမည်သူမည်ဝါဖြစ်ကြောင်းကားအလွန်အရေးကြီးကာ အိပ်မက်ဆိုးကပ်ဘေးမှာလည်းသူ့ရှေ့တွင်ရှိနေဆဲဖြစ်သည်။ သူ့ကိုမဖမ်းမိလို့ရှိရင် နေ့စဥ်နေ့တိုင်းအဆင်မပြေဖြစ်ရလိမ့်မည်။

တကယ်တော့ ယန်ယွီဟာကျင်းဖေးထုန်၏လက်ထဲကျရောက်ပြီးဖြစ်ပေမဲ့ လူအများစုမှာဒီကိစ္စကိုအတွင်းကျကျမသိကြဘဲ သူဟာမိစ္ဆာမျိုးနွယ်စုမှဖြစ်ကြောင်းကိုသာသိကြသဖြင့် သူတို့ကတိတ်တိတ်လေးခိုးဝင်ကာ သူဘယ်မှာရှိနေလဲသွားရှာခဲ့ကြသည်။

သို့သော် မိစ္ဆာနယ်မြေမှာတင်းကြပ်စွာအစောင့်ချထားပေရာ လူတိုင်းဆန္ဒရှိသလိုဝင်လို့ရသည့်နေရာဖြစ်ပါ့မလား။

ယခင်က ဟယ်ဇီကျိုးနှင့်အခြားသူများဟာတောင်ကြားလမ်းတွင်ရှုလင်ကျားနှင့်လော်ရှောင်းတို့နှင့်တိုက်ခိုက်ခဲ့ကြသည်။ အစကလှုပ်ရှားမှုများစွာရှိပေမဲ့ ၎င်းဟာမိစ္ဆာမျိုးနွယ်စု၏နယ်စပ်ထွက်ပေါက်အနီးတွင်ဖြစ်သောကြောင့် မြေပြင်အနေအထားမှာခြောက်သွေ့သည့်အပြင် လော်ရှောင်း၏အပိုင်စားနယ်မြေဖြစ်ပြီး သူက၎င်းကိုပိတ်ဆို့ရန်အရံအတားမှော်စက်ဝန်းတည်ထားခဲ့ကာ သို့မှသာအပြင်လူတို့ကိုအချိန်မီသတိထားမိမှာဖြစ်သည်။

သို့သော် ဤကျင့်ကြံသူများမှာထိုမျှကံမကောင်းလှ။ သူတို့ဟာလူရှာဖို့စိတ်အားထက်သန်နေပြီး မိစ္ဆာတို့ထဲတိုက်ရိုက်ရောဝင်သွားပေရာ ခပ်မြန်မြန်ရှာဖွေဖော်ထုတ်ခံလိုက်ရချေသည်။

ထိုအချိန်တွင် ချန်ဟုန်၊ ချောင်ကျိနှင့်အခြားသူများဟာလည်းလော်ရှောင်းနှင့်ယန်ယွီ၏တည်နေရာကိုအသီးသီးရှာဖွေနေကြသည်။ သျယ်ဟွေ့မှာနဂိုကကမ္ဘာလေထုနှင့်မိစ္ဆာမျိုးနွယ်စု၏ကောင်းကင်သဘာဝဖြစ်စဥ်ထဲရှိမူမမှန်မှုများ၏အကြောင်းရင်းကိုစုံစမ်းနေခြင်းဖြစ်သည်။ အပြင်ကကျင့်ကြံသူများဟာရောဝင်ဖို့ကြံရွယ်ထားသည်ဟူသောသတင်းကိုရရှိပြီးနောက် သူဟာအသေးစိတ်ရှာဖွေဖို့လူလွှတ်လိုက်ပြီး ထိုသတင်းကိုညီအစ်ကိုတို့နှင့်နန်းတွင်းသူနန်းတွင်းသားအများအပြားထံပေးပို့ကာ ကျူးကျော်သူများကိုရှာဖွေစေသည်။

[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Where stories live. Discover now