ထိုမှသာ ဒီအစ်​မကြီးကို သူထင်​ထားသ​လောက်​ မမုန်းခဲ့သလို ​ကျောက်​မင်​ရှီက သူ​တွေးထားသလို အ​ရေးမပါတဲ့လူတစ်​​ယောက်​မဟုတ်​ဘူးဆိုတာ သူသ​ဘော​ပေါက်​လာခဲ့​တယ်​။

"ဒီနှစ်​​ကျောင်းနှစ်​ပတ်​လည်​​နေ့အတွက်​ အစီအစဉ်​ မှူးက​ကျောက်​မင်​ရှီ ဖြစ်​နိုင်​တယ်​လို့ ငါ ဖိုရမ်​​ပေါ်မှာမြင်​ခဲ့တယ်​ ၊ အဲ့ဒါအမှန်​ပဲလား ?"

ကျောက်​ယွီနင်​​ရောက်​လာတာနဲ့ ပထမဆုံးလုပ်​တဲ့အရာက ​ကျောက်​မင်​ရှီအ​ကြောင်း​မေးတာပင်​။

တူကိုဆုပ်​ကိုင်​ထားတဲ့ ​ကျောက်​ယွမ်​ရဲ့လက်​​ချောင်း​တွေ မသိစိတ်​အ​လျောက်​ တင်းကျပ်​သွားခဲ့တယ်​။

ဖူရှုအန်းက "ဒါ​တွေက ဖိုရမ်​​ပေါ်က​ကောလဟာလ​တွေပါပဲ။ရသစာ​ပေဌာနက ဆရာမကတကယ်​ပဲသူ့ကိုလာရှာခဲ့တယ်​ ဒါ​ပေမဲ့ ​နောက်​ဆုံးအစီအစဉ်​မှူးကို​တော့ မဆုံးဖြတ်​ရ​သေးပါဘူး။အဲဒါအပြင်​ အရင်​နှစ်​​တွေတည်းက အမြဲတမ်း ​ကျောက်​ယွမ်​ပဲလုပ်​လာတာ ဒီနှစ်​မှ သူတို့ အစီအစဉ်​မှူး​ပြောင်းဖို့ဆိုတာ မဖြစ်​နိုင်​ဘူး !"

"အိုး" ​ကျောက်​ယွီနင်​ အနည်းငယ်​စိတ်​ပျက်​သွားခဲ့တယ်​။ထို​နေရာက အမြဲတမ်း​ကျောက်​ယွမ်​အတွက်​ဖြစ်​​နေခဲ့တယ်​။သူတို့သာ ဒီနှစ်​​ကျောက်​မင်​ရှီကို​ပြောင်းလိုက်​ရင်​ ​​အ​တော်​​ကောင်းမှာပင်​။

ဖူရှုအန်းက မ​ပြောဘဲမ​နေနိုင်​ခဲ့ဘူး "​ကျောက်​ယွီနင်​ သူတို့နှစ်​​ယောက်​လုံးက နင့်​ရဲ့အစ်​မ​တွေပဲ ဘာလို့နင်​ယွမ်​ယွမ်​အ​ကြောင်းကိုကျ မ​မေးရတာလဲ ? ဒီတစ်​ခါ သူမ​ကောင်း​ကောင်းမလုပ်​နိုင်​ခဲ့ဘူး သူမဘယ်​လိုခံစား​နေရမလဲ နင်​​တွေးကြည့်​_"

"သူမက​ကောင်း​ကောင်း မလုပ်​နိုင်​ခဲ့ဘူး ?" ​ကျောက်​ယွီနင်​က ထမင်းတစ်​လုတ်​စားလိုက်​ရင်း သူမကိုမျက်​လုံးများပြူးကာကြည့်​​နေခဲ့တယ်​ "နင်​ဒီတစ်​ခါအဆင့်​၂၂ဝင်​တာမဟုတ်​ဘူးလား ? နင်​ကအမြဲတမ်းဒီအမှတ်​​တွေပဲ​လေ ဒါကဘာလို့​ကောင်း​ကောင်း​မလုပ်​နိုင်​ရမှာလဲ ?"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now