Description
8.9K 353 5
ုူ[Zawgyi]
မင်ရှီ​က​ ကျောက်ယွမ်​​နှင့်​ပြိုင်​ဆိုင်​ပြီး သူမပိုင်​ဆိုင်​မှု​တွေကိုလုယူဖို့ ကြိုးစား​နေတယ်လို့ ​သူတို့​ပြောကြရင်ေ​တာင်​ မင်ရှီ​ကဂရုမစိုက်​ပဲ သူမမိသားစုဝင်​​တွေ နှစ်​သက်​လာ​အောင်​ပဲ အမြဲကြိုစားခဲ့တယ်​။ ဒါက အပြင်း​ဖျား​ရောဂါ​ကြောင့်​ သူမ​သေဆုံးတဲ့ထိပဲ။
ကျောက်ယွမ်က ကံကြမ္မာ၏သမီးပျို​လေး ဖြစ်​ပြီး သူမက​တော့ စာအုပ်​ထဲက မ​ကောင်းမှု​တွေကျူးလွန်​ပြီး ​ဝမ်းနည်းစရာ​ကောင်းစွာ အဆုံးသတ်​သွား​ရတဲ့ ဇာတ်​ပို့ဇာတ်​​ကောင်​​လေးသာ ဖြစ်​​ကြောင်း ​နောက်​ဆုံးမှာသိရှိသွား​ခဲ့တယ်​။
တစ်​ဖန်​ပြန်​လည်​ရှင်​သန်​ခွင့်​ရ​တဲ့ ​ကျောက်​မင်ရှီက ​​သူမနှလုံးသားထဲ​က​အေးစက်​မှု​တွေကို ဖယ်​ထုတ်​ပြီးဒီမိသားစုမဟုတ်​​တဲ့ မိသားစုနဲ့ ​သူမရဲ့ ​စေ့စပ်​ထားသူတို့ကိုပါ ဘယ်​လိုအ​ကြောင်း​ကြောင့်​ဖြစ်​ဖြစ်​ ဂရုမစိုက်​​တော့ဖို့ ဆုံးဖြတ်​လိုက်​ပြီး သူမအိတ်​​တွေကိုချက်​ချင်း ထုပ်​ပိုးကာ system​က​ပေးအပ်တဲ့"နာမည်​ကြီးပြီး လူကြိုက်​များသည့်​ ဇာတ်​​ကောင်​များနှင့်​သူငယ်​ချင်းဖြစ်​လာရန်​" တာဝန်​ကိုပြီး​မြောက်​​အောင်​လုပ်​​ဆောင်​ဖို့ အိမ်​ကထွက်​လာခဲ့တယ်​။
သူမထွက်​သွားပြီး​နောက်​ တစ်​အိမ်​လုံးလဲ ရုတ်တရက် ​​​တိတ်​ဆိတ်​ ​ခြောက်​ကပ်​သွားတယ်​။
ပုံမှန်​ဆို ဒါကသူတို့အတွက်​ သက်​​သောင့်သက်​​သာဖြစ်​သင့်​ပေမယ့်​---
သူမရဲ့မိဘ​တွေ၊လစ်​လျှူရှုတက်​တဲ့အစ်​ကိုအကြီး​ဆုံး၊စိတ်တိုလွယ်​တဲ့​မောင်​​အငယ်​ဆုံး၊သူမရဲ့လိုက်​လံပိုးပန်းမှု​တွေကို ​နေသား​ကျ​နေ​တဲ့ ရှန်လီေ​​ယာင်၊ တစ်ေ​​ယာက်​ပြီးတ​ယောက်​ ဘာ​လို့ ​နေသားမကျသလို ခံစား​နေရတာလဲ?
=========
I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now