-38-

12.4K 1K 89
                                    

ရှောင်းကျန့်ဆေးရုံကပြန်လာတာနဲ့ Laptop ရှေ့ရုပ်ရှင်ကြည့်နေပုံရတဲ့ရိပေါ်ဘေးမှာဝင်ထိုင်လိုက်တယ် ။ ဆိုဖာလက်ရန်းပေါ်ခေါင်းလှန်ချရင်း သူ့ခြေထောက်တွေကရိပေါ်ပေါင်ပေါ်မှာ ။ နှစ်နှစ်ဆိုတဲ့လက်ထောက်ဆရာဝန်ဘဝကဒီလိုပဲလုံးလည်လိုက်ရင်းပြီးတော့မယ် ။ ပင်ပန်းပေမဲ့သူဒီနေရာကိုမလွှတ်ထားရက်ခဲ့ ။အခုဆို သတ်မှတ်ကာလပြည့်နေပြီဆိုပေမဲ့ဆရာအဖြစ်လျှောက်ဖို့လိုတာတွေသူဘာမှမစီစဥ်ရသေးပေ ။ သင်တန်းတွေလည်းထပ်မတက်ချင်တော့သလို Comfort Zone ထဲမျောနေခဲ့တာကြာပြီ ။

"အဆင်ပြေရဲ့လား "

တုပ်ကွေးလူနာတွေပုံနေလို့သူနှစ်ရက်လုံးဆေးရုံမှာသောင်တင်နေခဲ့တာ ။ ပြန်ချိန်အတိအကျမသိတော့ ရိပေါ်ကိုလာမကြိုခိုင်းနေတော့ ။ ခြေကျင်းဝတ်သေးသေးလေးက ချွဲတတ်တဲ့ကြောင်ပေါက်ကလေးလိုလှုပ်ရှားနေပြီးရိပေါ်ရဲ့ကိုယ်ပေါ်လျှောက်ပွတ်သပ်နေတယ် ။ ရိပေါ်ကအပြုံးအပျက်ဘဲသူ့မေးစေ့ထိရောက်လာတဲ့ခြေထောက်လေးတွေကိုလက်နဲ့အသာဆုပ်ကိုင်ရင်းအနမ်းပေးလိုက်တယ် ။ ခြေကျင်းဝတ်သေးသေးတွေက သူ့လက်တစ်စုပ်စာပဲရှိတယ် ။ လက်မှာပတ်ထားတဲ့ handchain ကို ပေါင်ပေ့ခြေကျင်းဝတ်နားပတ်ပေးလိုက်တဲ့အခါ အတော်လေးချောင်ပြီးကြည့်လို့လှတယ် ။

ပေါင်ပေ့ခြေထောက်အလှတရားပိုပေါ်အောင် ခြေအိတ်လေးချွတ်ပေးလိုက်တော့ အေးစက်နေတဲ့ခြေဖဝါးတွေကသူ့ကိုမျက်မှောင်ကျုံ့စေသည် ။

"အေးလိုက်တာ "

"ငါ အခုမှရေချိုးပြီးပြန်လာတာလေ ၊ မဟုတ်ရင်နံနေတဲ့ခြေထောက်နဲ့မင်းမျက်နှာကိုထိမလား "

"ထိလို့ရပါတယ် "

ရိပေါ်ကအေးစက်နေတဲ့ခြေထောက်လေးတွေကို သူ့အင်္ကျီအောက်ထည့်ပြီး နွေးထွေးနေတဲ့ဗိုက်သားမှာကိုယ်ငွေ့လုံခွင့်ပေးလေးတယ် ။ ရှောင်းကျန့်ခြေထောက်နဲ့ထိုနွေးထွေးတောင့်တင်းတဲ့ကြွက်သားတွေကိုပွတ်ကြည့်နေတုန်း ရိပေါ်က ကြိုးမဲ့နားကျပ်လေးကိုဖိရင်း ခါးအရှေ့ကိုင်းသွားတယ် ။

"နှစ်ချုပ်စာရင်းတွေက ကျွန်တော်လာစစ်ပေးပါ့မယ် ၊ တင်ဒါစာချုပ်ကတော့ကျွန်တော် သူတို့အင်အားမကြည့်ဘူး စျေးအသက်သာဆုံးနဲ့အရည်အသွေးကောင်းတာမျိုးပဲဦးစားပေးမှာ ၊ ဒီလုပ်ငန်းမပြီးသ၍ ကျွန်တော်တို့ကိုပဲဦးစားပေးနိုင်မဲ့သူမျိုးပေါ့ ၊ ဖောက်သည်များများနဲ့လက်တွဲထားတဲ့ စက်ရုံတွေကအဆင်မပြေဘူး "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now