-13-

6.6K 895 17
                                    

ရိပေါ်စာမေးပွဲပြီးသွားပေမဲ့အိမ်ထဲကော်နဲ့ကပ်သလိုတွယ်နေတာမို့ မာမီတို့ကတောင်မေးလာတယ် ။ အရင်ဆိုကျောင်းပိတ်တာနဲ့အမျိုးတွေဆီပတ်နေရင်း လမ်းထိပ်ဆိုပြီး ပင်လယ်ထဲရောက်ရင်ရောက်သွားတတ်တဲ့သူ ။ အဖေ့ဖက်က အဖိုးအဖွားတွေက ပင်လယ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ကိုင်ပြီး အမေ့ဘက်ကအဖိုးအဖွားတွေကတော့ လေကြောင်းလိုင်းအဓိကလုပ်တာပေါ့ ။

ရယ်စရာမကောင်းလွန်းဘူးလား?  သူ့မိဘတွေလက်ထပ်မှာကျ ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးကိုအဓိက လုပ်ကိုင်ခဲ့တယ်တဲ့လေ ။ ရိပေါ်ကတော့...  I.T.  ဘက်ကိုစိတ်ဝင်စားနေတယ် ။ ငယ်ငယ်ကတော့အာကာသထဲသွားရောက်လေ့လာရတဲ့သူဖြစ်ချင်ပေမဲ့ ကမ္ဘာ့ဆွဲအားလွတ်မြောက်ရာဒေသမှာ သူ့ရဲ့စွန့်ထုတ်ပစ္စည်းတွေလွင့်နေမှာကိုတွေးမိခဲ့ပြီး  ကလေးပီပီရည်မှန်းချက်ကအလွယ်တကူပျောက်သွားခဲ့တယ် ။

မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ ဆရာရှောင်းတို့အိမ်ဘက်သူကူးသွားလိုက်တယ် ။ သူအိမ်ကပ်နေရတဲ့အကြောင်းပြချက်လေးပဲပေါ့ ။

"ရိပေါ်လာတာအတော်ပဲ ငါ့ကိုကျောင်းလိုက်ပို့ပေးဦး ၊  ဦးလေးအားလား? "

"ပြင်ပြီးဆင်းလာခဲ့လေ အောက်မှာစောင့်နေမယ် "

ဆရာရှောင်းကျောင်းမသွားခင်အထိ ယောင်တောင်တောင်နဲ့အခန်းထဲပတ်မွှေဖို့တွေးထားရာကနေ အခုတော့အလုပ်ပေါ်လာပြီမို့သူပြန်ပြေးဆင်းခဲ့တယ် ။ လမ်းမှာအန်တီဖိန်းက မုန့်ပန်းကန်နဲ့သူ့ကိုလှမ်းခေါ်နေတာမြင်တော့ ပေါင်မုန့်တစ်ချပ်ယူစားပြီး မွခနဲနမ်းလိုက်သေးတယ် ။ တစ်ချိန်ယောက္ခမတော်ရမဲ့သူပဲမလား ။ ဆရာရှောင်းရဲ့ ပါးလည်းဒီလိုပဲနမ်းလို့ကောင်းလောက်တယ်ဆိုတာသတိရတော့သူပြုံးမိသွားတယ် ။

"အမလေးရှင် ဒီဆိုးပေလေးအရမ်းချွဲ "

. . .

ရိပေါ်ကိုယ်တိုင်မောင်းတာမဟုတ်ပေမဲ့လည်း အချစ်လေးကိုကျောင်းလိုက်ပို့ရတော့ပီတိဖြစ်မိတယ် ။ ဆရာရှောင်းကတော့ကျောင်းရောက်တာနဲ့သူ့ကိုမနှုတ်ဆက်ဘဲထွက်သွားတယ် ။ အဆိုးလေးအစစ်က ဒီဆေးကျောင်းသားဆရာရှောင်းပဲ ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now