-22-

6.1K 852 26
                                    

ရှောင်းကျန့်မသွားခင်တစ်ရက်အလိုမှာစာပဲဖိသင်နေခဲ့တယ် ။ ထွက်ခွာသွားရတော့မဲ့နာရီတွေကိုသူမရေတွက်ချင်ပါ ။ ဒါကရိပေါ်ရဲ့ဆရာတစ်ယောက်အဖြစ်နေနိုင်မဲ့နောက်ဆုံးရက်ကလေး ။ နားလည်ပြီးသားစာတွေအစားရိပေါ်ရဲ့အာရုံတွေက ပေါင်ပေ့ရဲ့တစ်ကိုယ်လုံးမှာ ။ လည်တိုင်ရှင်းရှင်းလေး ၊ ပခုံးလုံးလေး ၊ ဆံပင်ခပ်ပါးပါးရိတ်ချသွားတဲ့ဂုတ်ပိုးလေး ။
အရာရာကလှပလွန်းလိုက်တာ ။

"ကျွန်တော်စိတ်ချမယ်နော် "

ရှောင်းကျန့်လက်ထဲကလှုပ်ရှားနေတဲ့ဘောပင်ကငြိမ်သက်သွားတယ် ။

"ငါတကယ်ပဲဘယ်လိုလုပ်ရပါ့မလဲ "

. . .

လေဆိပ်မှာပြုံးလျက်သားလက်ပြနှုတ်ဆက်နေခဲ့တဲ့ကောင်လေးက သူ့နှလုံးသားထဲမှောင်ခိုနည်းနဲ့ US အထိပါလာခဲ့တယ် ။ သူ့အတွက်နေထိုင်စရာကအဆင်သင့်ပါပဲ ။ အဖော်နဲ့ နှစ်ယောက်အတူနေရတာဆိုပေမဲ့ကွန်ဒိုစတိုင်မို့ အိပ်ခန်းနှစ်ခန်းကသပ်သပ်ဆီဖြစ်တယ် ။ နှစ်ယောက်တွဲဓာတ်ပုံနဲ့ထုတ်ထားခဲ့တဲ့ ပြက္ခဒိန်အသေးလေးကိုသူထောင်ထားလိုက်ပြီး ကွာခြားနေတဲ့ Time Zone ကိုအံတုကာသူအိပ်ဖို့ကြိုးစားမိတယ် ။

အတူနေရမဲ့အဖော်ကသူ့တံခါးကိုဖွဖွခေါက်ရင်း အိမ်ကိုဖုန်းဆက်ချင်သလားလို့မေးလာတော့သူကျေးဇူးတင်စွာနဲ့ ဖုန်းငှားလိုက်တယ် ။ မနက်ဖြန်မှသူ ဆက်သွယ်ရေးအသုံးအဆောင်တွေပြင်ဆင်ရမှာ ။ လေဆိပ်မှာဖုန်းဆက်ဖို့တွေးခဲ့သေးပေမဲ့လာကြိုတဲ့သူကိုအားနာတာမို့သူအမြန်လေးလိုက်လာခဲ့ရတယ် ။

သူရိပေါ်ဆီဦးဆုံးဖုန်းခေါ်လိုက်တယ် ။အဖော်ဖြစ်သူတရုတ်လေးက အေးဆေးဆိုတဲ့သဘောလုပ်ပြပြီး အခန်းထဲကထွက်သွားပေးတယ် ။

"ငါရောက်ပြီ "

"မအီမသာဖြစ်နေလား ပေါင်ပေ့​ "

"အဆင်ပြေပါတယ် "

"အခုဖုန်းရပြီပေါ့ "

အဖော်နဲ့အတူနေရကြောင်းသူထုတ်မပြောချင်တာကြောင့်မသိမသာရှောင်ဖြေလိုက်တယ် ။

"ငါမင်းကိုသိပ်လွမ်းလို့ သူများဆီကဖုန်းငှားဆက်တာ.... အသံလေးဖြစ်ဖြစ်ငါခံစားချင်လို့ "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now