-24-

6.3K 839 15
                                    

ကံကောင်းစွာနဲ့အနီးဆုံးက ယာဥ်ထိန်းရဲတွေအချိန်မှီရောက်လာကြပြီး ထိုလူနာကိုသယ်ထုတ်ပေးနိုင်ခဲ့တယ် ။ လူနာရဲ့လည်ပင်းကလည်စည်းပဝါစထူထူကိုသူချွတ်ပြီးသွေးထွက်မလွန်အောင် ဒါဏ်ရာလွတ်ရာကနေဖိစည်းပေးထားလိုက်တယ် ။  မှန်ကွဲစတွေကခပ်နက်နက်စိုက်ဝင်သွားတာမို့ သွေးထွက်လွန်ခြင်းတားဆီးရာမှာနည်းလမ်းအတိုင်းဖိအားများများ ပေးချလို့မရပေ ။ ယာဥ်ထိန်းရဲတွေကရှောင်းကျန့်ကုသပေးနိုင်ဖို့ Accident ဖြစ်နေကြောင်းယာဥ်ကြောတန်းလေးမျက်နှာလုံးကိုအချက်ပြလိုက်တယ် ။

ထိုမိန်းကလေးရဲ့ ရှင်သန်နိုင်ချေက ကံတရားအပေါ်မှာပဲ ။ အရေးပေါ်ခွဲစိတ်ခန်းထဲမဖြစ်မနေဝင်ရမဲ့သူကိုသူဆက်လုပ်ပေးနိုင်တာအများကြီး မရှိချေ ။  နှလုံးခုန်နှုန်းထိုးကျပြီးအသက်မရှုတော့တဲ့သူကိုတော့သူအရေးပေါ်ကုသပေးလိုက်နိုင်တယ် ။ အရေးပေါ်အခြေအနေက လေးယောက်တောင်ရှိတာမို့ တစ်ယောက်စီပြေးစစ်ပေးနေရင်း သူရူးသွားတော့
မယ်တောင်ထင်တယ် ။ မိန်းကလေးကသွေးရူးသွေးတန်းနဲ့သူမဗိုက်ကမှန်ကွဲစကိုဆွဲထုတ်ပေးဖို့တောင်းဆိုနေလေရဲ့ ။

"မင်း သူ့ကိုတစ်ခုခုကူပါဦး "

"ကျွန်တော်မကူနိုင်ဘူး အရာရှိ ၊ သူ့ဒါဏ်ရာကနက်တယ် ထုတ်တာအခန့်မသင့်ရင်ဒီနေရာမှာပဲအသက်ပါသွားနိုင်တယ် ကျွန်တော့်မှာကုသပေးခွင့်မရှိဘူး ၊ Ambulance တွေလာတဲ့အခါသွေးထွက်မလွန်အောင်ထိန်းပြီးသူလက်မလျှော့လိုက်အောင်အားပေးနိုင်ရုံပဲရှိမယ် "

ဒါမျိုးတွေသူလက်မယဥ်သလို ကျွမ်းကျွမ်းကျင်ကျင်လုပ်ရဲမှာလည်းမဟုတ်ပေ ။ ဆရာဝန်ရဲ့အတွက်အချက်တစ်ခုမှားတာနဲ့ လူနာရဲ့နှလုံးကရပ်ကျသွားနိုင်တယ် ။ ပိုဆိုးတာက နုနယ်တဲ့မိန်းကလေးတစ်ယောက် ။ အရေးပေါ်ကုသပြီးတဲ့လူနာတွေကို Ambulance လာတာနဲ့အသင့်တင်နိုင်ဖို့သူစီစဥ်ထားခဲ့ပြီးမှန်စိုက်ဒါဏ်ရာနဲ့မိန်းကလေးနားမှာထိုင်ချလိုက်တယ် ။ ကောင်မလေးက အသက်ဆက်ရှုဖို့တောင်မကြိုးစားချင်တော့တာမို့ စိတ်မလျှော့ချလိုက်ဖို့
သူဘေးကနေတွန်းအားပေးနေရတယ် ။ ရှောင်းကျန့် ရှုပ်ထွေးလွန်းတဲ့ယာဥ်ကြောတန်းတွေကိုမုန်းတယ် ။ သွေးသံရဲရဲနဲ့ရက်စက်တဲ့မြင်ကွင်းကိုလည်းရွံရှာတယ် ။ ဒါပေမဲ့ ဂျူတီကုတ်အဖြူ
ရောင်က ကားအစီးရေထောင်ချီပိတ်ဆို့နေတဲ့ လမ်းလယ်ခေါင်ထိသူ့ကိုတွန်းပို့ခဲ့တယ် ။ သူ့လက်အပြင်တစ်ကိုယ်လုံးမှာသွေးတွေပေကျံနေပြီး ထိတ်လန့်ဖွယ်အပြည့်ပဲ ။ သွေးစွန်းခဲ့တဲ့ဂျူတွကုတ်ကတာဝန်ကျေပါရဲ့လားသူမသိ ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Tahanan ng mga kuwento. Tumuklas ngayon