-26-

6K 845 20
                                    

ရှောင်းကျန့်အိမ်ပြန်နောက်ကျတဲ့ရက်ထမင်းချက်စားဖို့အဆင်မပြေတာကြောင့်ခေါက်ဆွဲဘူးပြုတ်စားလိုက်တယ် ။ ဖီးလစ်ဟွမ်က မူးလာပြီး ဧည့်ခန်းထဲမှာဆန့်ဆန့်ကြီးအိပ်ပျော်နေတယ်။ အနံ့မကောင်းတာကြောင့် ဖီးလစ်ဟွမ်ပေါ် စောင်တစ်ထည်နဲ့အုပ်ချပြီး သူခေါက်ဆွဲပြုတ်ဆက်စားလိုက်တယ် ။ အခန်းတံခါး password ဖွင့်နေသံကြားတော့သူကျောအေးသွားတယ် ။

ဖီးလစ်ဟွမ်ရဲ့အသိများလား?
မူးနေတဲ့ကောင်ကိုကြည့်ပြီး မသင့်တော်တဲ့လူတွေကိုများ နံပါတ်ပေးမိခဲ့လားဆိုတာကိုကြောက်ရသည် ။ အသင့်အနေအထားနဲ့တံခါးနားသွားပြီးမှ သူခွေးတစ်ကောင်နဲ့တောင်ယှဥ်မချနိုင်ကြောင်း သတိရသွားပေမဲ့ မမှီတော့ပေ ။ တံခါးကပွင့်သွားခဲ့ပြီ ။ ရှောင်းကျန့်သေချာမကြည့်နိုင်ခင်ဆွဲခေါ်ခံလိုက်ရပြီး ကြမ်းတမ်းတဲ့အနမ်းကိုနှုတ်ဆက်ရ၏ ။ ရုတ်တရတ်မို့သူရုန်းဖို့လုပ်လိုက်ပေမဲ့ရင်းနှီးနေတဲ့အထိအတွေ့ကြောင့် သူ့ရင်ဘတ်တွေခုန်ပေါက်လာတယ် ။

ရည်းစားဖြစ်ကာစအချိန်လေးမှာထားခဲ့ရတဲ့ငါ့ရည်းစားလေးရဲ့အထိအတွေ့မဟုတ်ဘူးလား ။

မျက်လုံးလေးတစ်ဖက်ကိုဖွင့်ကြည့်တော့ ရိပေါ်ဆိုတာအသေအချာပါပဲ ။ ရှောင်းကျန့်ခါးတွေပေါ်ပွတ်သပ်နေတဲ့လက်တွေက အစာငတ်နေတဲ့မြွေတစ်ကောင်လို စိတ်လောနေခဲ့သည် ။

ရိပေါ်ကသူ့ကိုအခန်းထဲပြန်တွန်းပြီးတံခါးကိုခြေထောက်နဲ့ပိတ်လိုက်တယ် ။ အနမ်းတွေကိုရပ်တန့်ချင်တဲ့စိတ်မရှိပုံပါပဲ ။ နံရံမှာကပ်နမ်းနေရင်းရာကနေ အားမရစွာနဲ့ရှောင်းကျန့်ကိုသူ့ခါးမှာခွစေတယ် ။ သူ့ကိုချီပြီးသွားနေတဲ့နေရာ
ကိုသတိထားမိတော့ ရှောင်းကျန့်တစ်ချက်လန့်သွားတယ် ။ အနမ်းမှာအတူစီးမျောနေခဲ့တဲ့သူ့အတွက်တားဖို့ရာမမှီတော့ပေ ။ အိပ်နေတဲ့ ဖီး
လစ်ဟွမ်ပေါ်သူပစ်ချခံလိုက်ရတော့ နာကျင်စွာငိုယိုသံကထွက်လာတယ် ။ ကုတ်အင်္ကျီချွတ်နေတဲ့ရိပေါ်ကမျက်မှောင်ကျုံ့ပြီးအသံထွက်လာတဲ့နေရာကိုကြည့်တယ် ။

ရှောင်းကျန့်အမြန်ထပြီး ဖီးလစ်ဟွမ်မနိုးခင်ရိပေါ်ကိုအခန်းထဲဆွဲခေါ်လာရတယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Onde histórias criam vida. Descubra agora