-7-

6.9K 946 7
                                    

ရှောင်းကျန့်ကျောင်းပြန်တက်ရတော့ ခေါက်ဆွဲဆိုင်မှာထိုင်စားရင်းဆိုင်ရှင်နဲ့စကားကောင်းနေခဲ့တယ် ။

"ခေါက်ဆွဲပွဲအသေးတစ်ပွဲ ၊ မာလာကြက်သားတစ်ပွဲပေးပါ "

"သမီးအရွက်တွေကြိုက်လား "

ပိန်တဲ့ကလေးတွေဆို အာဟာရပြည့်တဲ့အသီးအရွက်နဲ့အသားတွေပိုထည့်ပေးတတ်တဲ့ဆိုင်ရှင်အကျင့်ကိုသိတာကြောင့်ရှောင်းကျန့်ပြုံးလိုက်တယ် ။ သူကျောင်းစတက်ကာစယောင်လည်လည်နဲ့လာခဲ့တုန်းကလည်း ဝိတ်ချထားတဲ့သူ့ကိုပိန်တယ်လို့မြင်ပြီး အများကြီး
ထည့်ပေးခဲ့သေးတာ ။

ဆိုင်ရှင်ကဟင်းလျာတွေကိုအမြန်ပြင်ဆင်ရင်းထုတ်ပိုးပေးလိုက်တယ် ။ သူကသူ့ဟင်းတွေစားခါနီး အေးမသွားစေချင်ခဲ့ပေ ။ ငွေရှင်းရတဲ့အချိန်မှာ ပြဿနာကစတက်ပါတယ် ။

"ကျွန်မမှာတာဒါလေးနှစ်ပွဲကိုစျေးအဲ့လောက်တောင်ကြီးတာလား? "

"ဒါက... ပုံမှန်စျေးပါပဲ "

"နင်ကစျေးမှအရင်မမေးတာ ၊ တော်သေးတယ်ငါမရွေးရသေးလို့ ဘယ်လိုတောင်စျေးမတော်တရားတွေတောင်းနေတာလဲပဲ "

ရှောင်းကျန့်တူကိုချလိုက်ရင်းဝင်မပါမိဖို့ထိန်းထားလိုက်တယ် ။

"ကျောင်း Page မှာကိုတင်ပစ်ဦးမယ် "

Social Media ပေါ်ရောက်သွားရင် ငုတ်တုတ်ထိုင်နေတဲ့ခွေးတောင် မြွေဘဝရောက်သွားတဲ့အခြေအနေဆိုတာရှောင်းကျန့်လိုလူကအသိဆုံးပဲ ။

"ဒီမှာညီမလေး... နည်းနည်းမျှတွေးကြည့်ပေးရင်မကောင်းဘူးလား?  ဒီနေရာက ကျောင်းဝန်းကြီးလေ ဆိုင်ခန်းခတွေကအပြင်မှာထက်စျေးကြီးတယ် ၊ ပြီးတော့ပတ်ဝန်းကျင်ထိန်းသိမ်ရာရောက်အောင်ဖော့ဘူးတွေပလပ်စတစ်တွေအစားတတ်နိုင်သမျှပတ်ဝန်းကျင်မထိခိုက်မဲ့ပစ္စည်းလေးတွေနဲ့ထုတ်ပိုးပေးရှာတာ ၊ သူ့စားစရာမှာလည်းဖြစ်သလိုမလုပ်ဘဲ ဘူးဖွင့်လိုက်တာနဲ့စားချင်စရာဖြစ်နေအောင်ပြင်ဆင်ပေးထားတယ်... သေချာပေါက်စျေးကြီးဖို့အကြောင်းပြချက်တွေရှိနေတာကို မပြောပလောက်တဲ့ ကွာဟမှုလေးအတွက် ပြဿနာကြီးတစ်ခုလိုလုပ်နေတော့မှာလား? "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now