-16-

6.3K 877 9
                                    

စီစဥ်ထားတဲ့ရက်ပြည့်သွားတော့သူတို့နေချင်ရင်တောင်ဆေးပစ္စည်းတွေကမလောက်ငှတော့ပေ ။ ရှောင်းကျန့်တို့အပြန်ကိုရထားနဲ့ပြန်ခဲ့ကြတယ် ။ ရိပေါ်ကသူဆေးကုသပေးနေတဲ့ Video နဲ့ ဓာတ်ပုံတွေပို့လာပေးတာမို့သူကျေးဇူးတင်သွားတယ် ။ ထုံးစံအတိုင်းမျက်နှာကိုဖျက်ချရင်း Video အသစ်လေးတင်လိုက်တော့
မကောင်းတဲ့မှတ်ချက်မရတဲ့ ပထမဦးဆုံး Video လေးဖြစ်လာခဲ့ပါတယ် ။

အခြေအနေတွေကိုပါ Video ထဲထည့်သွင်းဖော်ပြခဲ့တာမို့အချို့ကငွေအားထောက်ပံ့ချင်ကြပြီးအချို့ကတော့သွားရောက်ကူညီချင်စိတ်ဖြစ်လာတယ် ။ ရှောင်းကျန့်ရွေးချယ်ချင်တာကိုသေချာသိလာတယ် ။ ဆရာဝန်ဆိုတဲ့အလုပ်ကိုသူရင်းနှီးလာတယ် ။

မှန်ပြတင်းမှာမြှားတံလေးလာကပ်တဲ့အခါ
မှန်တံခါးဖွင့်ဖို့ သူပြုံးနေတတ်ခဲ့ပြီ ။

. . .

"ရိပေါ်လာဦး ဒယ်ဒီတို့ဆွေးနွေးစရာရှိတယ် "

ရိပေါ်ခန့်မှန်းပြီးသားမို့ စိတ်အေးအေးလူလူနဲ့သာဝင်ထိုင်လိုက်တယ် ။ မာမီကတော့သူ့ကိုနားမလည်သလိုကြည့်နေတယ် ။

"ဒါ... သားရဲ့ရွေးချယ်မှုလား?  သားအဖွားကိုပြောတာတွေအကုန်သားစိတ်ရင်းပေါ့? "

"ဟုတ်တယ်ဒယ်ဒီ သားသူ့ကိုချစ်တယ် ကျွန်တော်ယောကျာ်းလေးချင်းသဘောကျတာလည်းဖြစ်နိုင်တယ် ဆရာရှောင်းကိုပဲကြိုက်တာလည်းဖြစ်နိုင်တယ် ၊ ကျွန်တော်ဒီကိစ္စကိုအတည်တကျအာမမခံချင်သေးဘူး ၊ ဒါပေမဲ့ သားကိုယ့်ကိုကိုယ်ထိန်းကျောင်းပြီးမှန်ကန်တဲ့ရွေးချယ်မှုမျိုးလုပ်နိုင်မယ်လို့ ယုံကြည်ပေးစေချင်တယ် "

"သားကခေါင်းမာပေမဲ့ ယုံရတဲ့သူမှန်းဒယ်ဒီသိပါတယ် ၊ ငယ်သေးတော့  ရင်ခုန်မိရုံများလားဆိုပြီးဒယ်ဒီတို့ပူတယ် "

"အချစ်ဆိုတာအဲ့လိုပဲစတင်ရတာမဟုတ်ဘူးလား
သားတို့က ဖူးစာရှင်ကိုမြင်နိုင်တဲ့စွမ်းအားမှမရှိတာ ရင်ခုန်တဲ့သူကိုပဲ ငါ့တစ်ဘဝစာလူဟုတ်နေမလားဆိုပြီးမျှော်လင့်ရတာမျိုးလေ ... သားအခုလိုလိင်စိတ်တိမ်းညွှတ်မှုရှိတာကိုတော့ ဒယ်ဒီတို့ရှေ့မှာဝန်ခံသင့်တယ်ထင်လို့ ၊ ပတ်ဝန်းကျင်ကပြောမှ ဒယ်ဒီတို့အရှက်ရတာမျိုး လျှို့ဝှက်ချက်ပေါ်သွားတာမျိုးမဖြစ်စေချင်တာ ၊ အနည်းဆုံးတော့ ဒယ်ဒီတို့သဘောမကျရင်တောင် သိထားပြီးသားပါဆိုပြီးအဆင်ပြေပြေပြန်ဖြေနိုင်မှာမျိုး
မျှော်လင့်တယ် "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now