-37-

5.8K 762 16
                                    

ရှောင်းကျန့်တို့ရတဲ့လိုင်းခန်းလေးက သစ်ရိပ်ဝါးရိပ်ကောင်းကောင်းရပြီး အပင်ကြီးတွေပေါတာကြောင့် ငှက်သံစုံစုံလင်လင်ကြားရတတ်ပါတယ်။ ရှောင်းကျန့်ခြံထဲလာယက်နေတဲ့ကြက် တွေကိုအပင်ပေါက်တွေမဖျက်ဆီးအောင် အစာကျွေးလိုက်တယ် ။ ကြက်မျိုးကတော့အစာဝလည်းယက်တာပဲ ။ ရိပေါ်ကရေနဲ့ပက်ထုတ်တော့မှခြံထဲကပြေးသွားကြတယ် ။ ရှောင်းကျန့်လုပ်ထားတဲ့မုန့်လေးတွေကိုရိပေါ်က ပုလင်းထဲကူထည့်ပေးတယ် ။ အားလပ်ချိန်တွေမုန့်လျှောက်လုပ်ပြီးပုလင်းထဲထည့် ၊ ကလေးတွေလာဆော့ရင်မုန့်ဝေလိုက်တာပဲ ။ ဒါမှမဟုတ် ကျောင်းမှာသွားထားတယ် ။ ဒီမြို့ကကျောင်းတွေက မြို့ကြီးတွေနဲ့ကွာခြားပြီး အစွန်ဘက်ရောက်လေ စုတ်ချာလေပဲ ။ ရွာကျောင်းတွေဆိုရင် အုတ်နဲ့တောင်
မဆောက်ထားပေ ။

ရိပေါ်အဖိုးကတော့ ပရဟိတသမားပီပီကူညီဖို့ဆန္ဒရှိတယ် ။

"ပေါင်ပေ့နှစ်ကုန်ရင် နေရာပြောင်းမှာလား "

"မပြောင်းတော့ဘူး ၊ ဒီကလူတွေနဲ့ခင်တွယ်နေပြီလေ ဆရာဝန်တွေမှဒီကိုမလာချင်ကြတာ "

"အင်း "

"ဘာလို့လဲ မင်း ပြောင်းချင်လို့လား "

"မဟုတ်ပါဘူး အဖိုးရုံးကိုသွားကူပေးမလားလို့ ၊ နှစ်ကုန်ပြောင်းရင် ဘာမှမထူးဘူးလေ ၊ မပြောင်းဘူးဆိုတော့ကျွန်တော်သွားလုပ်လိုက်မယ်
ပေါင်ပေ့ဂျူတီချိန်အတွင်းပေါ့ "

"ရပါတယ်အလုပ်လုပ်ရမယ်ဆိုရင်သွားပါ ၊ ငါထမင်းစားတာလောက်လေးနဲ့တော့ အဲ့လိုမလုပ်ပါနဲ့ "

"ပေါင်ပေ့ထမင်းစားဖို့အရေးက ကျွန်တော့်ဘဝရဲ့အကြီးဆုံးတာဝန်ပဲ ဝက်လုံးလေးဖြစ်လာအောင်ကျွေးရမယ် "

"မင်းပဲဝက်လုံးလိုက် "

ရှောင်းကျန့်ဘူးပြည့်သွားတော့ လေလုံအောင်ပိတ်ထားလိုက်ပြီးနံရံကစင်ပေါ်ကအတန်းလိုက်သွားစီတယ် ။ ပြောင်းဖူးပေါက်ပေါက် ၊ နှမ်းကပ်အချိုမုန့် ၊ အသီးယို ၊ နေကြာစေ့လှော် နဲ့အထားခံတဲ့မုန့်ချိုလေးတွေအစုံပါပဲ ။ သူတို့ကြောင်တစ်ကောင်လည်းမွေးထားသေးတာမို့ ကြောင်စာဘူးလေးတွေကလည်းအရသာစုံအရောင်စုံစီတန်းနေတယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now