ထိုညက ရိပေါ်သူ့အိမ်ကိုမုန့်တစ်ပန်းကန်နဲ့ရောက်လာခဲ့တယ် ။ သူရှောင်နေခဲ့ပေမဲ့မေမေက အခန်းထဲထိလွှတ်လိုက်တော့သူမတတ်နိုင် ။ ရိုက်ကူးပြီးတဲ့ Video ကို edit နေရင်းထိုကောင်လေးဘေးကနေမရှုပ်ဖို့ဆုတောင်းမိတယ် ။
"စိတ်ကောက်နေတုန်းပဲလား "
"ထွက်သွားစမ်း "
"ကျွန်တော်လာချော့တာလေ "
ရှောင်းကျန့်စကားဆက်မပြောဘဲ Video မှာပဲအာရုံစိုက်နေလိုက်တယ် ။ ရိပေါ်ကသူ့ဖုန်းထုတ်ရင်း Video ဖွင့်လာတော့သူလှည့်ကြည့်တယ် ။
"မင်းငါ့ Channel ကိုဘယ်လိုရှာတွေ့တာလဲ "
သူမေးပြီးမှစတွေ့တုန်းကကောင်လေးပြောခဲ့တာကိုသတိရသွားတယ် ။
"ကျွန်တော် Follow လုပ်ထားတယ် "
"စိတ်ပြေပါတော့ နောက်တစ်ခါ ကျွန်တော်ထပ်မစတော့ဘူး ၊ စာပြန်သင်ပေးလေ မကောင်းဘူးလား "
"စာသင်ဖို့ငါခေါင်းထဲကထုတ်လိုက်ပြီ ၊ မင်းနဲ့စနောက်နေဖို့အချိန်မရှိဘူး "
"Video အသစ်တွေအတွက် Idea သိပ်မရှိသေးဘူးလို့ပြောခဲ့တယ်မလား? ကိုကိုသာစာလာသင်ပေးရင် ကျွန်တော်ပြန်ကူညီပေးမယ်လေ "
တောင်းပန်သလိုပြောလာတော့လည်းသူစိတ်မမာနိုင်ပါ ယ
"မင်းကဘာလုပ်တတ်လို့လဲ "
"အနည်းဆုံးတော့ တစ်ယောက်ထက်နှစ်ယောက်ကပိုကောင်းတာပေါ့ "
"မင်းကိုပဲငါကြောက်တာ "
"ကျွန်တော်ကတိပေးပါတယ်ဆို "
"ကောင်းပြီလေ ဒါပေမဲ့ .. မင်းအချိုးမပြေတာနဲ့ နောက်တစ်ကြိမ်ဆိုတာမရှိတော့ဘူးနော် "
ကောင်လေးကသူ့ကိုလက်သန်းထောင်ပြပြီးယူလာတဲ့မုန့်ပန်းကန်ထဲကနူးညံ့တဲ့မိုချီတစ်ခုနှိုက်ကျွေးတယ် ။ လိမ္မာနေရင်ချစ်စရာကောင်းရဲ့သားနဲ့ ။
. . .
ရိပေါ်ရဲ့စာကြည့်ခန်းထဲသင်ပေးရမဲ့သင်ရိုးတွေကိုအရင်ပြန်လေ့လာကြည့်လိုက်တယ် ။
"မင်းအတွက်ဘယ်ဟာကခက်လဲ "
"မကြိုးစားကြည့်ဖူးတော့မသိဘူး"
![](https://img.wattpad.com/cover/293392340-288-k368606.jpg)