-9-

6.8K 957 36
                                    

တစ်လဆိုတဲ့အတိုင်းအတာကိုကျော်လွန်ပြီးတဲ့နောက်သူတို့နှစ်ယောက်ကဘော်ဒါဆန်ဆန်ဖြစ်လာတယ် ။ ရိပေါ်အနေနဲ့ ဒီလူရှေ့ဝံ့ကြွားတဲ့ခြင်္သေ့ရာဇာအသွင်ဆောင်ပြချင်ခဲ့ပေမဲ့လည်း ထိုလူကတော့သူ့ကိုကြောင်လို့သာသတ်မှတ်တယ် ။

"ကျွန်​တော်စာမေးပွဲနီးပြီလေဗျာ "

"မင်းအကုန်ရနေပါပြီ ခဏလေးပဲသည်းခံ "

ရိပေါ်ရှက်လွန်းလို့ငြင်းနေတာကို အတင်းနားသန့်ပေးပြီး အခုလည်းလက်သည်းကိုလုပ်ပေးနေပြန်တယ် ။ သူအင်တာနက်ပေါ်မှာရှာကြည့်တော့ အဲ့လိုတွေလုပ်ပေးရတာကိုဝါသနာပါတဲ့လူတစ်စုကသပ်သပ်ရှိတယ် ။

အမှန်အတိုင်းပြောရရင်ရိပေါ် ဒီလူကိုရင်ခုန်တယ် ။ လောင်ရှောင်းလို့ခေါ်ရတိုင်းသူ့ရင်ထဲမှာနွေးနွေးထွေးထွေးဖြစ်လာတယ် ။ လောင်ရှောင်း?  သူကြားမှာဖျောက်ထားခဲ့တဲ့ အသံတစ်သံကိုဒီလူရိပ်မိနိုင်ပါ့မလား? 

လောင်ဖော.. လောင်ကုန်း ။ ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ် ။ အဲ့ဒါကရှောင်းမျိုးနွယ်အသံချိိုတဲ့ဆေးကျောင်းသားလေးဖြစ်နေသ၍ပေါ့ ။

"လက်သည်းနီကဘာလုပ်မလို့လဲဗျာ "

"​ငြိမ်ငြိမ်နေစမ်းပါ "

"လောင်ဖော... ကျစ် လောင်ရှောင်း "

"လောင်ဖောတဲ့ ငါသိနေတယ်ဒီကောင်လေးမရိုးသားတော့ဘူး "

ရှောင်းကျန့်ကသူ့ကိုသူခိုးဖမ်းသလိုလုပ်နေပေမဲ့ ရိပေါ်ရင်ထဲကိုတော့ရှာတွေ့နိုင်မယ်မထင်ပါဘူး ။

"လက်သည်းနီတော့မဆိုးနဲ့နော် လိမ္မာတယ် "

"လက်သည်းမနီပါဘူး ဒါကအကြည်ရောင်ပဲလေ လက်သည်းကြည် ၊ ဆိုးထားရင်မညစ်တော့ဘူး လက်လေးတွေလှနေတော့ကြည့်ရတဲ့သူလည်းစိတ်ချမ်းသာတာပေါ့ "

နှိပ်စက်ခံထားရတဲ့လက်သည်းပန်းကုံးတွေကို
ကြည့်ပြီးသူသက်ပြင်းသာချလိုက်တော့တယ်။ခြောက်နှစ်ကြီးတဲ့ဆရာသခင်အစ်ကိုကြီးချွဲရင် ပျော့ကျသွားတဲ့သူ့စိတ်ကိုလည်းအံ့သြလွန်းရပါရဲ့ ။ ပုံမှန်အားဖြင့်ချွဲတတ်တဲ့သူတွေကိုသူမုန်းတယ် ။ ရည်းစားမထားဖြစ်တာလည်း အဲ့ဒါ
ကြောင့်ပဲ ။ သူ့ရည်းစားကငွေမက်လို့ရတယ် ၊ ကြမ်းတမ်းလို့ရတယ် ၊ ဘာအရည်အချင်းမှမရှိလည်းဖြစ်တယ် ။ ချွဲလို့တော့မရပေ ။ အခုတော့ပြောင်းလဲသွားပြီထင်ပါရဲ့ ။ သူ့ရည်းစားက... လောင်ရှောင်းဖြစ်မှရမယ် ။ လက်သည်းနီ သို့မဟုတ် လက်သည်းကြည်ဆိုးလို့ပြီးတော့လေမှုတ်ပေးနေတဲ့နှုတ်ခမ်းဖူးလေးကိုသူပစ်မှားမိပြန်တယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now