ရှောင်းကျန့်လက်သူကြွယ်မှာတလက်လက်ထနေတဲ့လက်စွပ်လေးကိုငုံ့ကြည့်ရင်းပြုံးနေမိတယ် ။
"ဆရာ "
"မီးငယ် ဘယ်သွားမလို့လဲ? "
"ကိုကိုကအရုပ်တွေဝေပေးနေတယ်ဆိုလို့ "
"အတူသွားရအောင် "
လူသူနည်းပါးပြီးဆင်းရဲတဲ့အရပ်ဒေသလေးမှာသူအလုပ်ဝင်ခဲ့တာ ဒါနဲ့ဆိုနှစ်လမြောက် ။ ရိပေါ်အတွက်အင်တာနက်ကအသက်ဖြစ်တာမို့
သူ့ဂျူတီချိန်တွေမြို့ထဲကိုသွားနေတယ် ။နေ့လည်စာချိန် ပြန်လာတိုင်းကလေးတွေအတွက်အရုပ်နဲ့မုန့်ဝယ်လာပေးတတ်တာပဲ ။အရုပ်တွေဝေပြီးသွားတော့ရိပေါ်က သူ့လက်ထဲကျန်တဲ့ဝံပုလွေအရုပ်လေးကိုရှောင်းကျန့်လက်ထဲလာထည့်ပေးတယ် ။
"ပင်ပန်းနေပြီလားပေါင်ပေ့ "
"အမောပြေသွားပြီ "
"အဲ့လိုပဲဖြစ်နေရမယ် ၊ နေ့လည်စာသွားစားရအောင် "
"ဘာဟင်းလဲ? "
"အာလူးကပ်သလိပ် ၊ ကျောက်ပုစွန် ၊ ရေဘဝဲအစပ် ၊ ငရုတ်သီးအနှစ် ၊ လိပ်ဥပြုတ် ၊ အရွက်ကြော် ...မသိတော့ဘူး ကလေးအမေတွေလာပို့သွားကြတာပဲ "
သစ်ပင်အောက်မှာဖျာလေးခင်းရင်း ရိပေါ်ကသူလက်ညှိုးညွှန်ရာခွံ့ကျွေးတယ် ။ လူတွေကတော့ကျွန်တော်ချွဲလွန်းတယ် ကလေးဆန်တယ်
ထင်လိမ့်မယ် ။ ဒါပေမဲ့ဆင်းရဲတဲ့ဒေသကဆေးရုံလေးကိုရောက်လာတဲ့လူနာတွေက ဘယ်လိုပုံစံများမျှော်မှန်းထားနိုင်မှာတဲ့လဲ ။ ရှောင်းကျန့်လူနာတွေကြည့်ပြီးတိုင်းထမင်းမစားနိုင်ခဲ့ပေ ။ Nurse နည်းပါးလွန်းတာကြောင့် လူနာတွေရဲ့အသေးစိတ် သူအကုန်ဝင်လုပ်ပေးရတယ် ။ အဲ့ဒါကြောင့်ပဲရိပေါ်ကနေ့လည်စာ၊ ညစာလာလာခွံ့ကျွေးရတာ ။ ဒီလက်တွေနဲ့သူအစာမစားနိုင်ပေ ။"ရိပေါ် "
"ဟင် "
"မပင်ပန်းဘူးလား "
"အမောပြေသွားပြီ "
"ငါပြောတာကိုဘာလို့လိုက်ပြောနေတာလဲ "
"ကျွန်တော်ကားစီးရတာပင်ပန်းတယ် ဒါပေမဲ့ကားရပ်ပြီးရင်ပေါင်ပေ့နဲ့တွေ့ရမှာကိုပျော်တယ် ၊
ကျွန်တော်လူပါးတဲ့ဒေသကိုမုန်းတယ် ဒါပေမဲ့
ပေါင်ပေ့ရှိနေတာမို့ပျော်တယ် ၊ အစားဆင်းရဲအနေဆင်းရဲတာကိုသည်းမခံနိုင်ဘူး ဒါပေမဲ့ဒါကပေါင်ပေ့နဲ့ခင်းရတဲ့အိမ်ထောင်ရေးဘဝမို့ပျော်တယ် ၊ ကျွန်တော်ပေကျင်းမှာနေလည်းပေါင်ပေ့နဲ့ခွဲနေရရင် ခြောက်ကပ်ကပ်ကြီးပဲလေ ၊ တွေး
ကြည့်ပါဦး အိပ်ခန်းကျယ်ကြီးနဲ့ဇိမ်ကျကျနေပြီးမပျော်ရတာထက် ဒီလိုလေးနေပြီးပျော်နေရတာပိုမကောင်းဘူးလား "