-6-

7.6K 965 20
                                    

"ငါအကူအညီမယူဘူး "

"ဘာလို့လဲအားနာလို့လား "

"မဟုတ်ပါဘူး ၊ ငါရင်ဖွင့်လို့ရလား? "

"ရတာပေါ့ ကျွန်တော်ကပေါ့ပျက်ပျက်နေတတ်ပေမဲ့နှုတ်ကတော့တအားလုံပါတယ် "

"ငါကသူများတွေလို Video ရိုက်ပြီးငွေရှာနေတာမဟုတ်တော့ အကုန်လုံးကငါ့ဝါသနာနဲ့စေတနာသပ်သပ်ပါပဲ ၊ အစကတော့ လူတွေအကြံပေးတာ ဝေဖန်တာကိုပြင်ကြည့်ခဲ့တယ် နောက်တော့သိလာရတာက လူ့အလိုကိုနတ်မလိုက်နိုင်ဘူးဆိုတဲ့စကားပဲ ၊ ငါတီးလုံးတစ်ခုထဲနဲ့ပဲ Intro ဝင်တတ်တော့ လူတွေက Intro ကိုငြီးငွေ့လာပြီလို့ပြောကြတယ် ၊ တစ်ယောက်ကစပြောလိုက်တာနဲ့  Intro အပေါ် ပြဿနာမရှိခဲ့တဲ့သူတွေကပါစိတ်ဝေဝါးလာပြီး အဲ့ Intro ကမကောင်းဘူးလို့ထင်သွားကြတယ် "

"အဲ့ဒါတွေတွေ့တော့ငါ Intro အသစ်လေးတွေ Change ကြည့်တယ် ၊ Negative comment ပေးခဲ့တဲ့သူတွေကလည်းအပြောင်းအလဲကိုသဘောကျကြတယ် ၊ ဒါပေမဲ့နောက်တော့ငါ cmt အသစ်တွေရတယ် ကိုယ်ပိုင် style မရှိဘူး ၊နံမည်ကြီးသမျှပေါ်ပင်လုပ်တယ် အဲ့လိုမျိုးတွေပေါ့  ငါကလူတွေတောင်းဆိုလို့ပဲလူတွေပျော်အောင်လုပ်ပေးခဲ့ရုံပါ ဒါပေမဲ့အဲ့လိုလုပ်ပေးမိလို့အပြစ်တင်ခံရတဲ့အချိန်ကျ ငါ့ကိုဘယ်သူကာကွယ်ပြောဆိုပေးခဲ့လဲ?  မရှိဘူးလေ ၊ Intro အသစ်တွေအတွက် တီးလုံးအပ်ဖို့က စက္ကန့်သုံးဆယ်စာကို ဒေါ်လာနှစ်ဆယ်ကျော်သုံးရတာ စလုပ်တုန်းက ငါမင်းအရွယ်လေးပေါ့ အိမ်ကပိုက်ဆံအများကြီးပေးမကိုင်တော့ ငါအကြိုက်ဆုံးနာရီတွေလည်းရောင်းတယ် ၊ ရှားပါးစာအုပ်တွေလည်းအကုန်ရောင်းပစ်ရတယ် ၊ လူတွေအတွက်တော့ သာမန်စက္ကန့်သုံးဆယ်စာတီးလုံးတစ်ခုပဲပေါ့ ၊ သူတို့ပြောချင်ရာပြောချပစ်လိုက်နိုင်တဲ့ သူတို့တစ်နေ့တာရဲ့စက္ကန့်သုံးဆယ်ပဲလေ သူတို့တန်ဖိုးထားတာတွေထုတ်ရောင်းပြီးရလာတဲ့စက္ကန့်သုံးဆယ်မဟုတ်ဘူး ၊ ဒီဘက်မှာငါဘာဖြစ်နေလဲတွေးမိတဲ့သူတစ်ယောက်တောင်မရှိခဲ့ဘူး ၊ ရှိလာမှာလည်းမဟုတ်ဘူး "

"အခုကျွန်တော်တစ်ယောက်ရှိပြီလေ "

ရှောင်းကျန့်သဘောကျစွာပြုံးလိုက်ရင်း
ကောင်လေးခေါင်းကိုအသာဖွလိုက်တယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now