-21-

6.8K 890 43
                                    

ရေအောက်နက်နက်ထိရိပေါ်ကသူ့လက်ကိုအသာထိန်းကိုင်ရင်း ငုပ်လျှိုးသွားခဲ့တယ် ။ ကြမ်းပြင်အထိရောက်လာတော့ရှောင်းကျန့်တုန်လှုပ်လာတယ် ။ ရေအနက်ပိုင်းကြောက်တဲ့ရောဂါမရှိပေမဲ့ ပထမဦးဆုံးအတွေ့အကြုံမို့ ရေဖိအားနဲ့ရေအောက်အလင်းကသူ့အတွက်စိမ်းသက်နေတယ်။

ရိပေါ်ကတစ်နေရာဆီသူ့ကိုဆက်ခေါ်သွားပြီး မျက်မှန်ရှေ့မှာလက်လာပိတ်တယ် ။ ကိုယ်ကိုတစ်ပတ်လှည့်ပြီး လက်ပြန်ဖယ်ပေးတဲ့အချိန်သူ့ဘဝကငါးစာဖြစ်ဖို့စက္ကန့်ပိုင်းအလို ။ ချွန်ထက်တဲ့သွားတွေက သူ့မျက်နှာရှေ့မှာနီးနီးကပ်ကပ် ။ ရိပေါ်ကသူ့ကိုလွှတ်ပြီးရှေ့ကူးသွားတယ် ။ သူဆွဲထားဖို့လုပ်လိုက်ပေမဲ့ရိပေါ်ကငါးမန်းအကြီးကိုသူ့ဇနီးသည်လိုပွေ့ဖက်ပြီး တက်ခွတော့တယ် ။ ငါးမန်းတစ်အုပ်ပတ်လည်ဝိုင်းလာတဲ့အချိန်ရှောင်းကျန့်ဆက်မရှင်သန်ချင်တော့ပေ ။ ရိပေါ်ကသူ့အိတ်ထဲပါတဲ့အသားတွေကိုညှပ်နဲ့ကျွေးနေရင်း ပျော်နေပုံပါပဲ ။ သူ့ကိုလာကျွေးခိုင်းတဲ့အခါခါးခါးသီးသီးငြင်းထုတ်လိုက်တယ် ။  ဘယ်လောက်ပဲရင်းနှီးနေတယ်ပြောပြော ဒါကငါးမန်းတွေ ။ ကိုက်ချလိုက်မှကိုက်ခံလိုက်ရပြီဆိုပြီး နောင်တရနေဖို့ကနောက်ကျသွားပြီ ။

ငြိမ်ပြီးခပ်ဝေးဝေးမှာကူးခတ်နေတဲ့ရှောင်းကျန့်ကြောင့် သူ့ငါးမန်းတွေကိုမနှစ်မျို့မှန်း ရိပ်မိသွားတယ် ။ ငါးမန်းတစ်အုပ်ကို သူဝေးရာခေါ်သွားလိုက်တယ် ။ ရိပေါ်ပြန်ကူးခတ်လာတဲ့အခါငါးမန်းတစ်အုပ်ကလည်းပြန်ပါလာပြန်ပါတယ် ။ ဒါကိုတော့ရိပေါ်လည်းမတတ်နိုင်တော့ပေ ။ ဒီအုပ်ထဲက ချိတ်ဒါဏ်ရာရှိနေတဲ့ငါးမန်းကိုသူတို့အဖွဲ့ကယ်ပေးခဲ့တာ ။ အစပိုင်းဒါဏ်ရာနဲ့ကြမ်းတမ်းစွာပြုမူနေတဲ့ငါးမန်းကို Quaratine ထားစဥ် သူပဲအစာကျွေးပြုစုခဲ့သည် ။ ထိုအချိန်ကရိပေါ်ဆယ့်လေးနှစ်လောက်ပဲရှိဦးမယ် ။ ရေမုဆိုးဖြစ်တဲ့အဖိုးကသူ့ကိုကလေးဆိုပြီး နုနွဲ့မနေစေဘဲအကုန်စမ်းသပ်ခိုင်းတယ် ။ ဒီလိုနဲ့ သူလာလည်တိုင်းငါးမန်းကသူ့အနားမှာပဲနေတယ် ။ အခုဆိုမတွေ့ဖြစ်တာ နှစ်နှစ်လောက်ရှိပြီမို့ပိုလို့တောင်ခွာမှာမဟုတ်တော့ဘူး ။ ရိပေါ်အိတ်ထဲလက်နှိုက်တော့ ငါးမန်းအုပ်ကအစာထင်ပြီး ခေါင်းပြိုင်တိုးလာတယ် ။ ပြေးဖို့လုပ်နေတဲ့ပေါင်ပေ့ကိုသူဆွဲခေါ်ထားရင်းငါးမန်းတွေကိုလည်း အသာတွန်းလွှတ်နေရတယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now