-20-

6.8K 821 23
                                    

ရထားတွဲပေါ်ရောက်လာပေမဲ့ ရိပေါ်က Deluxe Soft Sleeper ခန်းငှားထားတာမို့ပြဿနာတော့မရှိ ။ ရှောင်းကျန့်ရဲ့ညအိတ်ဝတ်စုံကြီးအတွက်ရေကန်အသင့်ကြာအသင့်လိုပဲ ။ အခန်းထဲနှစ်ထပ်မွေ့ယာကုတင်နဲ့မျက်နှာချင်းဆိုင်မှာဆိုဖာတစ်လုံးပါတယ် ။ ရိပေါ်ကဆိုဖာပေါ်ဝင်ထိုင်လိုက်ရင်းရှောင်းကျန့်ကိုတော့မွေ့ယာပေါ်မှာအိပ်ခိုင်းလိုက်တယ် ။

ရှောင်းကျန့်အတွက်ဒါကအသစ်အဆန်းဖြစ်တယ် ။ သူတို့မိသားစုရထားစီးရင် Business class ကနေစီးတတ်ပေမဲ့ ဒီလိုအခန်းမျိုးပါငှားလို့ရတာကိုတော့ အတွေ့အကြုံမရှိခဲ့ပေ ။

"အိပ်လိုက် နိုးတာနဲ့လေသန့်သန့်လေးရှုရမယ် "

ရှောင်းကျန့်မျက်စောင်းထိုးပြီး ရိပေါ်ကိုကျောပေးအိပ်လိုက်တယ် ။ ရိပေါ်အခန်းတံခါးဖွင့်သံကြားတော့လည်းသူမနေနိုင်ပေ ။

"မင်းဘယ်သွားမလို့လဲ "

"အဆာပြေတစ်ခုခုဝယ်ပေးမလို့လေ "

"ငါမစားချင်ဘူး ခြေမများဘဲငြိမ်ငြိမ်နေ  "

ရှောင်းကျန့်ကအမိန့်ပေးပြီးတာနဲ့ ကျောပေးအိပ်ပြန်ပါတယ် ။ ဒါသူစိတ်မကြည်ကြောင်းပြတာပေါ့လေ ။ သူကစိတ်မကြည်ကြောင်းပြဖို့ပဲသိပေမဲ့ ရိပေါ်ကသူစိတ်မကြည်ရင်ရှယ်ကြိုက်တယ်ဆိုတာတော့မသိခဲ့ ။

ရှယ်ကိုကိတ်နေတာ ။

. . .

အဖေ့ဘက်ကအဖိုးအဖွားတွေက ပေါင်ပေ့ကိုကြိုသိနေတာမို့ စေ့စေ့စပ်စပ်အကဲခတ်နေကြတယ် ။ ရိပေါ်ရောက်နေတာသိသွားတဲ့အငယ်ကောင်လေးကလည်းပြေးလာတယ် ။ ဒါသူ့အဖိုးမွေးစားထားတဲ့ ကောင်လေး ။ မိန်းမရှုံးလောက်အောင်လှတယ်ဆိုတာ ဒီကောင်လေးအတွက်အပိုမဟုတ်ပေ ။ ရှောင်းကျန့်က သူ့မွေးစားညီကိုယောကျာ်းလေးမှန်းသိတဲ့အခါတအံ့တသြဖြစ်သွားတယ် ။ ထုံးစံအတိုင်းဆွေပြမျိုးပြအမည်ခံလာပေမဲ့ ရိပေါ်ကအတည်ကြီးပြရုံသာပြခဲ့တာဖြစ်တယ် ။ မိတ်ဆက်ပေးပြီးတာနဲ့ တွေ့ရာအခန်းထဲဆွဲခေါ်ပြီးသူ့အပိုင်သိမ်းလိုက်တော့တာပဲ ။နေထွက်လာတဲ့အခါသူတို့ရေမိုးချိုးပြီးမနက်စာစားလိုက်တယ် ။ရိပေါ်ကသူ့ကိုတဟဲဟဲရယ်ပြနေရင်းသူ့ညီကိုသိပ်ခိုင်းစားတယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now