-27-

6.1K 824 19
                                    

"မင်းရည်းစားက တကယ်ပဲ 18 နှစ်ဟုတ်ရဲ့လား "

ဖီးလစ်က လေ့ကျင့်ခန်းလုပ်နေတဲ့ရိပေါ်ကိုကြည့်ပြီး မယုံနိုင်သလိုမေးတယ် ။

"ငါ့ထက်ခြောက်နှစ်ငယ်တယ်မထင်ရဘူးမလား "

"လေ့ကျင့်ခန်းလုပ်ရတာရူးသွပ်တဲ့သူတွေက Gay များတယ်ဆိုတာတကယ်ပဲပေါ့ "

"မင်းအဓိပ္ပါယ်မရှိတာမပြောလို့မရဘူးလား "

"Gym မှာ Gay တွေတကယ်များတာပါဆို "

"ပေါင်ပေ့ ဒီမှာဝိတ်တုံးမရှိဘူးလား "

"မရှိဘူး.. မင်းမှာရှိလား "

'ဖီးလစ်ဟွမ်က မေးနေရသေးလား ?'ဆိုတဲ့
အကြည့်မျိုးပေးပြီး အဆီပဲရှိတဲ့သူ့ကိုယ်ကိုဖွက်ထားတယ် ။

"ပေါင်ပေ့လာခဲ့ "

"ဘာလို့လဲ "

"ဝိတ်တုံးလေးလုပ်ပေးလေ "

ရိပေါ်က ရှောင်းကျန့်ကိုယ်ကိုပွေ့သွားပြီး အလေးတုံးအစားထိုးလိုက်တယ် ။ ဖီးလစ်ဟွမ်အတွက်
ဒါကမတရားပေ ။ ဝိတ်တုံးလေးရှောင်းကျန့်ကတော့ သူ့ရည်းစားရဲ့အင်အားမှာပျော်မြူးနေခဲ့သည် ။
. . .

ကျောင်းမှာတစ်နေကုန်ထိုင်စောင့်ပေးနေတဲ့ရိပေါ်က ဆေးရုံကိုလည်းလိုက်ပို့တယ် ။

"ပိုက်ဆံပါလား Taxi ငှားပြီးပြန်လိုက် "

"ကျွန်တော်နည်းနည်းပတ်ကြည့်မလို့ "

"လမ်းပျောက်သွားဦးမယ် "

ရိပေါ်က Gps ကိုဖွင့်ပြလိုက်တယ် ။

"ပေါင့်ပေ့ရှိတဲ့နေရာကျွန်တော်အမြဲတမ်းရှာနိုင်တယ် "

ရှောင်းကျန့်ပြုံးပြီး ရည်းစားကိုခပ်ဖွဖွနမ်းလိုက်တယ် ။ သူအထဲဝင်လာတော့ အမျိုးသမီးအခန်းကိုသွားကြည့်လိုက်ပေမဲ့သူလာတဲ့အချိန်မှားသွားတယ် ။

"ငါမင်းကိုဆယ်နှစ်လုံးဂရုစိုက်ပေးခဲ့တယ် ရှိသမျှအချစ်တွေလည်းငါပေးခဲ့ပြီးပြီ အခုတော့...ငါ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့ "

"ကျွန်မဘယ်တော့မှကွာရှင်းမှာမဟုတ်ဘူး "

"မင်းကိုဘယ်အချိန်အထိငါထမ်းပိုးထားရဦးမှာလဲ?  ငါအရမ်းပင်ပန်းနေပြီ "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now