ရှောင်းကျန့်ပြင်ဆင်ပြီး မိဘတွေနဲ့အတူဘေးခြံကိုအလည်ရောက်ခဲ့တယ် ။ ဧည့်ခန်းထဲ ဒိုက်ထိုးနေတဲ့ကောင်လေးကိုမြင်တော့သူမျက်ခုံးပင့်သွားတယ် ။ ဒီကလေးစုတ်ကအလာကြီးပဲ ။ သူရောက်နေတာသတိထားမိသွားတဲ့အခါကောင်လေးက ဆိုးဆိုးရွားရွားပြုံးပြပြီးလက်တစ်ဖက်ကိုခါးပေါ်တင်လျက် ကျန်တစ်ဖက်နဲ့ဆက်ဒိုက်ထိုးပြတယ် ။
"ဟော... လာကြပြီလား ၊ သား မြန်မြန်ထပြီး
ဒယ်ဒီ့ကိုသွားခေါ်လိုက် "မေမေတို့နဲ့ရွယ်တူလောက်ရှိတဲ့အန်တီကြီးကသူတို့ကိုကြိုဆိုပြီးခုံပေါ်မှာနေရာချပေးတယ် ။ ကောင်လေးက ထလာပြီးရှောင်းကျန့်အနားကမလွတ်မလပ် ဖြတ်လျှောက်သွားတယ် ။ လက်ချောင်းလေးတွေကို ရှောင်းကျန့်လက်မောင်းအနားလူမမြင်အောင်ပွတ်ဆွဲလိုက်သေးတယ် ။
"အဲ့ဒါရိပေါ်လေးလား "
"ဟုတ်ပါ့ရှင် ၊ ရှင့်ရဲ့တူတော်မောင်ရိပေါ်ပေါ့ "
"ကလေးကထွားလိုက်တာ "
"ဟင်း.. လူကောင်ကတော့မြင်တဲ့အတိုင်းပဲ ၊ ရှိသမျှစားပြီးထွားကျိုင်းနေတော့တာပဲ ၊ ဆိုးတာကလည်းတအားပဲ "
"မာမီ "
လှေကားထစ်ပေါ်ကနေလှမ်းအော်တဲ့ကောင်လေးကိုမော့ကြည့်မိတော့ သူတို့ချင်းအကြည့်ဆုံသွားတယ် ။ မအေကိုမျက်မှောင်ကုပ်ကြည့်နေတဲ့ကောင်လေးက သူ့ကိုတော့လှစ်ခနဲပြုံးပြသွားတယ် ။ မျက်နှာပိုးမသေလိုက်တာ ။
"တွေ့လားအပြောအဆိုကလည်းလုံးဝမခံတာ "
"သူအသက်ဘယ်လောက်ရှိပြီလဲ ရှောင်းကျန့်ကျောင်းစတက်ကာမှသူမွေးတာမလား "
"ဒါ အားကျန့်မလား ၊ ကြည့်ပါဦးငါ့တူကြီးက ချောလာလိုက်တာ "
အန်တီကြီးကသူ့ဘေးနားပြောင်းထိုင်ပြီးတရွှတ်ရွှတ်နမ်းနေတာမို့သူတစ်ချက်တော့တွန့်သွားတယ် ။ သူကတက္ကသိုလ်ကျောင်းသားအရွယ်ပဲ ဖြစ်နေပြီ ။ ဒါမျိုးအလုပ်ခံရတာနည်းနည်းတော့နေရခက်စေသည် ။
"အခုသူဘာတက်နေလဲ "
"ဆေးကျောင်း "
"ဟယ် ဆရာဝန်လောင်းကြီးပေါ့ "