-19-

6.4K 843 5
                                    

ရိပေါ်တို့ကျောင်းခြောက်ရက်အထိပိတ်ထားတော့စာသင်ချိန်တွေကမနက်ခင်းပိုင်းပိုများနေတယ် ။ ရိပေါ်ကညနေစောင်းအချိန်တွေမှာစာလုပ်ရတာပျင်းရိတတ်ကြောင်းလွန်ခဲ့တဲ့စာသင်နှစ်ထဲကသူသိထားတယ် ။ ရာသီဥတုဖော်ပြချက်တွေထဲသူနေ့စဥ်ဝင်ကြည့်ပြီး နေဝင်ချိန်ကိုသူ Alarm ပေးထားတယ် ။ နေဝင်ချိန်ကနေအမှောင်ထုလုံးလုံးဖြစ်ချိန်အထိ အဲ့ဒါ Break Time ပါပဲ ။

တခါတရံစက်ဘီးလေးနဲ့စာအုပ်အဟောင်းဆိုင်တွေသွားပြီး မမှောင်သွားခင်အထိ ရှောင်းကျန့်ကကြိုက်တာလေးတွေရွေးတတ်တယ် ။ ဒါမှမဟုတ်အလှဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေမှာ ဓာတ်ပုံ၊ Video ရိုက်တယ် ။ ထို Break Time တွေမှာ ရိပေါ်ကရှောင်းကျန့်ရဲ့ ပင်တိုင် Cameraman လေးပါပဲ ။

ရှောင်းကျန့်ရဲ့ Video တွေက ရိုးအီနေတဲ့အိမ်ကြီးထဲမှာပဲမဟုတ်တော့ဘဲ လူထူထပ်တဲ့သဘာဝအငွေ့အသက်ပိုများလာတယ် ။ ဟင်းချက် Video ရိုက်တိုင်းရေခဲသေတ္တာထဲကမထုတ်ပြတော့ဘဲ စျေးတန်းထဲမှစျေးဆစ်နေတဲ့အသံချိုချိုလေးနဲ့အစားထိုးတယ် ။ Husky Voice နဲ့ ရိပေါ်ရဲ့ရယ်သံလေးတွေက ​Video ရဲ့ဧည့်သည်ငယ် ။

ရိပေါ်လက်တစ်ဖက်ကဖုန်းကိုင်ထားရင်း အသဲပုံလက်လေးနှစ်ချောင်းကိုတော့  ဖုန်းကင်မရာရှေ့တန်းထားတယ် ။

"နည်းနည်းရှေ့တိုးဦး "

အနီးအဝေးမြင်ကွင်းနဲ့ရိပေါ်လက်ပေါ်ထိုင်သလိုရိုက်ချင်နေတဲ့ရှောင်းကျန့်က ရိပေါ်ညွှန်ကြားရာအတိုင်းလိုက်လုပ်နေတယ် ။ လမ်းလျှောက်ရင်းနဲ့ သူတို့စာအကြောင်းကိုစကားပြောသလိုပဲဆွေးနွေးကြတယ် ။

ရိပေါ်ဘဝကပြည့်စုံနေသလိုပဲ ။ ပေါင်ပေ့
အိပ်ယာမှာသူနိုးထခွင့်ရှိသလို သူ့အိပ်ယာကလည်းပေါင်ပေ့ကိုယ်ငွေ့နဲ့နွေးနေတတ်တယ် ။ နှစ်ယောက်လုံးရဲ့ရေချိုးခန်းထဲမှာ သွားပွတ်တံအပိုတစ်ချောင်းရှိတယ် ။ မနက်စာဝိုင်းကိုသူတို့အတူထိုင်ကြပြီး မနက်ခင်းအပြေးလေ့ကျင့်ခန်းလုပ်ရင်းလည်း ပြိုင်ဆိုင်တတ်ကြသေးတယ် ။

ဒီလိုနဲ့ ပေါင်ပေ့ကိုသူ့ထက်အကြီးလို့မသတ်မှတ်ချင်စိတ်တွေကပိုတိုးလာတယ် ။ စိတ်ထဲကနေခေါ်မိတိုင်း ဒါလေးကသူ့ပေါင်ပေ့ ။ ပေါင်​ပေ့က ရင်းနှီးလာတာနဲ့အမျှ အလိုလိုက်လေ ချွဲတတ်လေပဲ ။ ချွဲတတ်တဲ့ကောင်လေးကို ဒီကောင်ကဘယ်လိုနည်းနဲ့ ပိုမချစ်နိုင်ဘဲနေနိုင်မှာတဲ့လဲ?  ။ နားလည်မှုရှိတဲ့ လူကြီးဆန်ဆန်ဆရာရှောင်းကိုသူသဘောကျပေမဲ့ ချွဲတတ်တဲ့ပေါင်ပေ့ရှောင်ရှောင်းကတော့သူအသည်းနှလုံးတစ်ခုလုံးကိုပက်ပက်စက်စက် ပိုင်စိုးတယ် ။ တစ်ဖက်သတ်ချစ်နေရတဲ့သူ့အတွက်တော့ ပေါင်ပေ့လုပ်သမျှကအချစ်တိုးဖွယ်ရာတွေပါပဲ ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now