ရှောင်းကျန့်ပုံရိပ်က သတင်းစာတွေထဲပေါက်သွားခဲ့တယ် ။ ကျောင်းအုပ်ကြီးရဲ့ဂုဏ်ပြုလွှာကိုကိုင်ကြည့်နေရင်း သူဘယ်လိုတုံ့ပြန်ရမယ်မသိတော့ဘူး ။
"မင်းက ကျောင်းရဲ့ဂုဏ်ယူစရာပဲ Sean ၊ မင်းအတွက် ငါသိပ်ဂုဏ်ယူတယ် "
"ကျွန်တော် ပိုလုပ်လို့ရရဲ့သားနဲ့မလုပ်ပေးခဲ့ဘူး ၊ ဒါကိုလက်ခံလို့ဖြစ်ရဲ့လားဆိုတာ ..."
သူစကားကိုရပ်ပြီးသက်ပြင်းချလိုက်တယ် ။
လူတွေကချီးကျူးပေမဲ့ တတ်ကျွမ်းတဲ့ဆရာဝန်တွေကတော့သူတုန်ချိနေတာကိုမြင်မှာပဲ ။ အဲ့ဒါကသိပ်ရှက်စရာကောင်းတယ် ။ ကျောင်းအုပ်က သူ့ဘေးနားကဆရာဝန်ကိုပခုံးအသာပုတ်လိုက်တယ် ။"ငါ့နံမည်ရောဘတ်ခရစ်စတန် ၊ အရေးပေါ်ခွဲစိတ်မှုလုပ်ခဲ့ကြတဲ့အချိန်ဆေးရုံမှာငါရှိနေခဲ့တယ် ၊ ကားမှန်စိုက်ဝင်သွားတဲ့ မိန်းကလေးကိုငါခွဲစိတ်ပေးခဲ့တာ "
"သူ.. "
"စိတ်အေးအေးထားပါ ၊ သူအန္တရာယ်ကိုကျော်သွားပြီ "
ရှောင်းကျန့်လက်သီးကိုနှုတ်ခမ်းနားကပ်ထားရင်း မျက်ရည်ဝဲလာတယ် ။
"အရေးပေါ်လူနာလေးယောက် ၊ မင်းသာအဲ့နေရာမှာမရှိခဲ့ရင် သူတို့တွေဆေးရုံရောက်တဲ့အချိန် အသက်ပါမလာနိုင်ဘူး ၊ ငါ့အနေနဲ့ 'ဆေးရုံရောက်ရောက်ချင်းပဲဆုံးသွားတယ် ' 'အသက်မမှီလိုက်ဘူး ' ဆိုတဲ့စကားကိုနားထဲသိပ်ခံရခက်တာ ၊ ကံကောင်းစွာနဲ့ပဲ မင်းကငါတို့ကိုကြိုးစားခွင့်ရအောင်ကူညီပေးခဲ့တယ် အဲ့မိနစ်ပိုင်းလေးတွေအတွက်ငါတို့ဆေးရုံကသိပ်ကျေးဇူးတင်ပါတယ်"
"ကျွန်တော်လုပ်ခဲ့တာနည်းနည်းလေးပါ "
"ဆေးလောကမှာနည်းနည်းလေးဆိုတာမရှိပါဘူး ၊ သေဆုံးကြောင်းအတည်ပြုပေးရမဲ့လူနာတွေကို ငါတို့အသက်ပြိုင်လုနိုင်ဖို့အခွင့်အရေးမင်းပေးခဲ့တာပဲ ၊ မင်းနံမည် Sean နော်? လိုအပ်တာရှိရင်ငါ့ကိုလာရှာလို့ရတယ် "
ကမ်းပေးလာတဲ့လိပ်စာကဒ်ကိုသူယူလိုက်ပြီးမှန် ဘောင်သွင်းထားတဲ့ ဂုဏ်ပြုမှတ်တမ်းကိုပါ မဝံ့မရဲရင်မှာပိုက်လာခဲ့တယ် ။
![](https://img.wattpad.com/cover/293392340-288-k368606.jpg)