-23-

6.3K 838 37
                                    

ရိပေါ်နဲ့ဆက်သွယ်ဖြစ်တော့ ရေချိုးပြီးကာစကောင်လေးကသူ့ဗလထွက်လာတာကိုပြနေတယ် ။

"လွန်ခဲ့တဲ့နှစ်ရက်ကမှငါပွတ်ခဲ့တာပဲ မင်းအရမ်းညှစ်ထုတ်ပြနေစရာမလိုပါဘူးကောင်စုတ်လေးရဲ့ "

"အနောက်တိုင်းရောက်ရင် ပေါင်ပေ့ဘေးနား ကျွန်တော်မျက်နှာမငယ်ချင်လို့ လေ့ကျင့်ခန်းတွေပိုလုပ်နေတာ "

"မင်းအခုလက်ရှိလူကောင်တောင်အတော်ကြီးနေပြီ ၊ စိတ်ပူစရာမလိုဘူး ငါကရှိရင်းစွဲထက်ဆယ်နှစ်လောက်နုပျိုတယ် ...ငါကမြေခွေးလေးလေ "

"ဟက်... ရှောင်းကျန့်ကိုရည်းစားတော်မိတယ်ထင်ထားတာ လိပ်ကလေးဖြစ်နေတာကိုး "

"အင်းငါ့ကိုလိပ်လို့ပြောတာလား "

"ကောင်းတဲ့ဥပမာနဲ့ပြောတာပါ ၊ လိပ်လေးတွေကချစ်ဖို့မကောင်းဘူးလား "

ရှောင်းကျန့်အတွက်တော့လိပ်နဲ့ပက်သတ်ပြီး
မကောင်းတဲ့အမှတ်တရတွေရှိတယ် ။ ပေကျင်းမှာ တိရိစ္ဆာန်တွေရဲ့လိင်တံကိုသာသီးသန့်ရောင်းချတဲ့ဆိုင်တစ်ဆိုင်ရှိတာသူမမေ့နိုင်သေးဘူး ။ အမျိုးသားအများစုက ကျန်းမာရေးအတွက်ရည်ရွယ်ပြီး ထိုဆိုင်ကလတ်ဆတ်တဲ့ထုတ်ကုန်တွေကို အားပေးလေ့ရှိတယ် ။ အဲ့တုန်းကရှောင်းကျန့်အလယ်တန်းနှစ် ။ ထိုနှစ်မှာခင်ခဲ့တဲ့သူငယ်ချင်းရဲ့အဖေက ရှောင်းကျန့်အဖေနဲ့အတူခင်မင်မိတ်ဖွဲ့ပြီးနောက် ထိုဆိုင်ကိုကလေးတွေနဲ့အတူသွားခဲ့တယ် ။ ဖေဖေတို့စကားပြောနေတုန်းသူနဲ့ သူငယ်ချင်းကဆိုင်ထဲလျှောက်စပ်စုခဲ့ကြတယ် ။ လူပျိုပေါက်လေးတွေပီပီ လိပ်ရဲ့လည်တိုင်ရှည်ထွက်လာပြီးသူတို့ကိုကြည့်တဲ့အခါ လိပ်ခေါင်းကအဲ့ဒါနဲ့အတော်လေးတူတယ်လို့ထင်မိတယ် ။ သူတို့ဆီးသွားတဲ့အခါတွေ့ရတဲ့ပုံစံမျိုးပဲ ။ ရှောင်းကျန့်လည်းယောကျာ်းလေးပီပီဒါကို​တွေးမိပေမဲ့သူငယ်ချင်းကမရပ်မနားကပ်ပြောနေတော့ပိုမြင်ယောင်လာပြီး လိပ်ကိုလိပ်လို့မမြင်နိုင်တော့ ။

ဆိုင်ဝန်ထမ်းကလိပ်ကိုအစာကျွေးဖို့လာတဲ့အခါသူကပ်သွားကြည့်လိုက်တယ် ။ အစာစားနေတဲ့လိပ်က အနီးကပ်ကြည့်တော့သိပ်ရုပ်မဆိုး ။ မျက်လုံးနက်နက်နဲ့ချစ်ဖို့ကောင်းတယ်လို့သူထင်တယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now