-4-

8.4K 1K 30
                                    

"ရပြီ "

"သေချာလို့လား?  ထစ်နေရင်ပြန်ကျက်ရမှာနော် မထောက်ပေးဘူး "

"ထောက်ပေးရအောင်ကလေးလားဗျာ "

ရိပေါ်ကစာကို Rap ရွတ်သလိုဆိုချသွားပြီး
ထစ်ငေါ့ခြင်းအလျဥ်းမရှိခဲ့ပေ ။

"မင်းရပြီးသားလား? "

"အခုမှကျက်တာလေ "

"ဦးနှောက်ကမြန်သားပဲ ၊ ဒါပေမဲ့စာအမြန်ရတာထက်မှတ်မိနေဖို့ ၊ စာလုံးမှန်ဖို့လည်းအရေးကြီးသေးတယ် ၊ အခုအပိုဒ်ကိုချရေးကြည့် "

ရိပေါ်က စိတ်ညစ်သွားသလိုပုံစံလုပ်ပေမဲ့ နာခံစွာနဲ့ပဲစာကိုရေးပါတယ် ။ အမှားကင်းတဲ့စာကိုကြည့်ရင်းရှောင်းကျန့်တပည့်အတွက်စိတ်အေးသွားတယ် ။ ရှေ့လတွေမှာအခြေခံစာလိုက်မလုပ်ခဲ့ရင်တောင် ဒီဦးနှောက်နဲ့ဆိုရင်ထိုလတွေအတွက်အချိန်ခဏလေးအတွင်း ပြန်လည်သင်ကြားပေးနိုင်လိမ့်မည် ။ ဉာဏ်ရည်သိပ်မကောင်းတဲ့သူတွေအများကြီးကိုသူသင်ပေးခဲ့ဖူးတယ် ။ နှစ်အစထဲကသင်ပေးရင်တောင်ဦးနှောက်ကမလိုက်နိုင်တာမို့ အချိန်ပိုတွေအများကြီးယူပြီး ဝီရိယ
ပိုစိုက်ထုတ်ခိုင်းခဲ့ရတယ် ။ ထိုကလေးတွေကိုတောင် ရလဒ်ကောင်းထွက်လာအောင်သင်ပေးနိုင်တာမို့ ရိပေါ်အပေါ်မှာလည်းယုံကြည်ချက်ရှိတယ် ။

"ဒါဆိုငါတို့နောက်နေ့ကစပြီး ဒီလိုသွားမယ် ၊သီအိုရီတွေတွက်စာတွေကို စာသင်ချိန်အစကနေသုံးနာရီသွားမယ် "

အချိန်ဇယားဆွဲပေးဖို့စာအုပ်မှာမျဥ်းတားပြီး တစ်လုံးချင်းဆီသူရေးလိုက်တယ် ။

"ပြီးရင် ဆယ်မိနစ် Break ပေးမယ် ၊ ပြန်စတာနဲ့ ရှေ့ကသင်တဲ့ Test တွေကိုပုံစံတူမေးခွန်းမတူတာမျိုးတွေတွက်ခိုင်းပြီးပြန်စစ်မယ် ၊ ပြီးရင်ကျက်စာကရှင်းပြရမဲ့ဟာတွေအတွက်နာရီဝက်အချိန်ယူမယ်.. နောက်ရက်ကျရင် Break အချိန်နားနားနေနေသဘောနဲ့ စာအံပေါ့ အဆင်ပြေလား? "

"Break မှာစာမေးမဲ့မင်းကဘယ်လိုဆရာမျိုးလဲ "

"ငါ့ကိုအဲ့လိုအသံနဲ့ပြောပြန်ပြီ "

ရှောင်းကျန့်စာအုပ်နဲ့ရွယ်တော့ အပြုံးမပျက်လက်ကာထားတဲ့ ရိပေါ်ကကြောက်သည့်ပုံလည်းမရှိ ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now