စာမေးပွဲခန်းထဲ မေးခွန်းတွေကိုစိတ်အေးအေးထားဖြေပြီး အပုဒ်ကျန်ခဲ့တာမရှိအောင်သူသတိထားစစ်လိုက်တယ် ။ A ရရင်ဆရာရှောင်းကသူနဲ့အတူရုပ်ရှင်လိုက်ကြည့်ပေးမယ်လို့ကတိပေးထားတယ် ။
အဖြေလွှာတွေအပ်ပြီးသူဘယ်သွားရမယ်မသိ ။ အိမ်ပြန်ပြီးစာသင်ဖို့စောင့်နေစရာလည်းမလိုတော့ဘူး ။ စာသင်နှစ်ကိုမနက်ဖြန်ချက်ချင်းစလိုက်လို့မရဘူးလား?
ကားပေါ်တက်လိုက်တော့ ဒရိုင်ဘာဦးလေးကြီးက ကျောင်းပိတ်ရက်ရဲ့ပျော်ရွှင်မှုတွေအကြောင်းပြောနေပေမဲ့သူကတော့စိတ်ညစ်တာပဲသိသည် ။
"ဦးလေး ဆေးကျောင်းဘယ်မှာရှိလဲ "
"ဆေးကျောင်းကတစ်ခုထဲရှိတာမှမဟုတ်တာသခင်လေးရဲ့ "
"ကျွန်တော့်ဆရာတက်တဲ့ကျောင်းကရော? "
"အဲ့ဒါက (...) မဟုတ်လား "
ရိပေါ်ဖုန်းထုတ်ပြီး ပေါင်ပေ့လို့မှတ်ထားတဲ့ Contact လေးကိုနှိပ်လိုက်တယ် ။ ဖြစ်နိုင်ရင်ဒီလူကိုသူ့ထက်ခြောက်နှစ်လို့ငယ်စေ့ချင်တယ် ။
မလေးစားတတ်တဲ့ကလေးဆိုပြီး စိတ်ခုသွားမှာကြောက်လို့သာယဥ်ကျေးပြနေရပေမဲ့ ရိပေါ်အတွက်တော့ဆရာရှောင်းက ရှောင်းပေါင်ပေါင်းလေးပဲ ။~He's my Boo ~
"ဆရာရှောင်း"
"ဘယ်လိုလဲ ဖြေနိုင်လား "
ချစ်လားလို့မေးပါ့လားဗျာ ။
"အင်း "
ချစ်တယ် ။ ကိုယ့်အတွေးနဲ့ကိုယ်ရယ်တော့ ဆရာရှောင်းက ဖြေနိုင်လို့ရယ်နေတယ်ဆိုပြီးတွေးသွားရှာတယ် ။
"ဆရာရှောင်းကျောင်းက ဘယ်နားမှာလဲ "
"မင်းလာမလို့လား? ငါက (...) ဆေးရုံမှာ "
"မဟုတ်ပါဘူး ကျွန်တော်ဒီတိုင်းဖုန်းဆက်လိုက်တာ "
"ပြန်လာမှငါ... ဖုန်းချလိုက်တော့မယ် အရေးပေါ်လူနာရောက်လာလို့ "
ကျသွားတဲ့ဖုန်းလေးကိုပွတ်ကြည့်ရင်းရိပေါ်ကပြုံးလိုက်တယ် ။
"ဦးလေး စပ်တဲ့အချောင်းလေးတွေဘယ်မှာရလဲ? "
"အစပ်ချောင်းလား ကုန်တိုက်တွေမှာရှိတယ်လေ ၊ ဘယ်မှာဖြစ်ဖြစ်ရှိတာပဲ "