-14-

6.6K 874 13
                                    

ကားဂိတ်ရောက်တော့ ညပိုင်းမို့လက်မှတ်ကအလွယ်တကူပဲဝယ်လို့ရတယ် ။ ရှောင်းကျန့်အိမ်ကိုဖုန်းခေါ်ပြီး ဘာပြောရမယ်မသိပေ ။ သူရိပေါ်နဲ့ခရီးထွက်မယ်ပြောတော့ သူ့အကြံထင်ပြီးအဆူခံလိုက်ရတယ် ။ ရိပေါ်မိဘတွေကတော့ လဒလေးဆိုတာကလွဲရင်ဘာမျှထပ်မမေးပေ ။ အသက်တောင်မပြည့်သေးတဲ့ကလေးကိုဘယ်လိုယုံကြည်ချက်နဲ့များ စိတ်ချသလဲသူမပြောတတ် ။

"ငါတို့ဘယ်သွားမှာလဲ "

"ဟဲနန်ဘက် "

"အဲ့ဒါမဝေးလွန်းဘူးလား "

အထိတ်တလန့်ဖြစ်သွားတဲ့ ရှောင်းကျန့်ကိုသူရယ်ပြလိုက်ပြီး စိတ်မပူဖို့အချက်ပြလိုက်တယ် ။
လေယာဥ်နဲ့ကပိုအဆင်ပြေပေမဲ့ ခရီးသိပ်ထွက်ဖူးပုံမရတဲ့ ဆရာရှောင်းကိုသူအသစ်အဆန်းပြချင်တယ် ။

"ဆရာရှောင်း ခရီးအဝေးကြီးကို ဒီအချိန်ထွက်ဖူးလား? "

"ငယ်ငယ်ကတော့ မွေးရပ်မြေခဏခဏသွားပေမဲ့ အဖိုးအဖွားတွေဆုံးသွားတော့ ထပ်မသွားဖြစ်တော့ဘူး ၊ ... အလယ်တန်းနှစ်ထဲကထင်တယ် ခရီးဝေးမသွားဖြစ်တော့တာ ၊ ဒီလိုအချိန်ထထွက်တာတော့ပိုဆိုးတာပေါ့ ညသန်းခေါင်ဘယ်သူကခရီးထွက်လို့လဲ?  ၊ ကားပတ်မောင်းရင်တောင်အဝေးပြေးလမ်းမတစ်ဝက်လောက်ပဲသွားတာစိတ်ကျေနပ်တာနဲ့ မမှောင်ခင်အိမ်ပြန်ရောက်ပြီ "

"ညဘက်ထွက်တာပိုကောင်းတယ် ၊ အဝေးပြေးလမ်းမကိုမှီခိုနေတဲ့မြို့တွေက ညဘက်ဆိုမီးရောင်စုံနဲ့အရမ်းလှတာ ၊ ကျွန်တော်တို့မိုးလင်းရင် ဟဲနန်မြို့ထဲဝင်ပြီ ၊ ရထားနဲ့ခေါ်သွားချင်တာ ရထားနဲ့သွားရင်ပိုပျော်ဖို့ကောင်းတယ် နည်းနည်းတော့အချိန်ပိုကြာတာပေါ့ "

"လေယာဥ်ကမမြန်ဘူးလား "

"အဖိုးမှာ Helicopter ရှိတယ် ၊ အရင်တစ်ခါရေမြုပ်တုန်းကတောင်ကျွန်တော်တို့မြို့ပေါ်ကနေ
ပတ်မောင်းခဲ့သေးတာ အခုကတော့မြို့ပေါ်မောင်းလို့မရပေမဲ့ ခွင့်ပြုမိန့်ယူပြီးရင် ကျွန်တော်ဆရာရှောင်းကို သတ်မှတ်နယ်တစ်ဝိုက်လိုက်ပြ
လို့ရတယ် "

"မင်းမှာကောင်းတဲ့နောက်ခံရှိတာပဲ ၊ ငါ့မှာလည်းအဲ့လိုစိတ်ဝင်စားစရာနောက်ခံရှိရင်ကောင်းမယ် "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Dove le storie prendono vita. Scoprilo ora