-30-

6.4K 859 54
                                    

အားလပ်ရက်မှာ ရိပေါ်နဲ့အတူ Date ရင်း ရိပေါ်အတွက် Summer Class လေးတွေအပ်ပေးဖို့သူတွေးမိတယ် ။ ခက်တာက ရိပေါ်ရဲ့ဘာသာစကားကျွမ်းကျင်မှုပဲ ။ ရိပေါ်က English စာမသင်ချင်တာမို့သူလည်းမတတ်နိုင်ခဲ့ပေ ။ လူရှင်းတဲ့နေရာရောက်တော့ သစ်ပင်ပေါ်ကပန်းကိုလိုချင်ပေမဲ့ အပင်ကနည်းနည်းမြင့်နေတယ် ။ လူမရှိတာနဲ့ အပင်လေးခူးလိုက်ရမှဆိုတဲ့ငယ်ကျင့်ကဖျောက်မရနိုင်ခဲ့ပေ ။

"ငါ့ကိုချီပေး "

ရိပေါ်ကစွေ့ခနဲပေါင်င်ကနေမြှောက်ပေးလိုက်တယ် ။ ရှောင်းကျန့်တင်ပါးတွေက သူ့မျက်နှာမှာကပ်နေတော့အသာဆွဲကိုက်လိုက်သေးတယ် ။

"ဟေ့ကောင် မလုပ်နဲ့လေ "

ရိပေါ်လျှာလေးက မို့မို့မောက်မောက်တင်ပါးမြှောင်းကြားဆော့နေတာမို့ရှောင်းကျန့်နေရခက်လာတယ် ။

"အခုတင် Bus စီးလာတာ မင်းမရွံဘူးလား "

"မရွံဘူး "

ရှောင်းကျန့် ခေါင်းခါပြီးပန်းသာခူးလိုက်တယ် ။ ပန်းကိုဘာလုပ်ရမယ်မသိပေမဲ့ ခူးလိုက်ရတာမို့ကျေနပ်သွားတယ် ။

ဘာဂါဆိုင်တစ်ခုမှာသူတို့နေ့ခင်းစတည်းချပြီးထိုကနေစာအုပ်ဆိုင်ဆီချီတက်တယ် ။ ရိပေါ်ကစာအုပ်မကြိုက်တဲ့သူပီပီ ထီးကိုင်ထားရင်း ဘေးမှာသာမတ်တပ်ရပ်စောင့်တယ် ။ စာအုပ်ရွေးပြီးထွက်လာတော့ ရုပ်ရှင်ရုံထဲဝင်တယ် ။ ရုပ်ရှင်
ကြည့်ချင်တာထက် ရုပ်ရှင်ရုံထဲသွားချိန်းတွေ့တာမို့ဘာကားမှန်းတောင်သေချာမသိခဲ့ ။

အပြန်ကုန်တိုက်ထဲအိမ်အတွက်လိုအပ်တာတွေအတူဝင်ဝယ်ခဲ့ကြတယ် ။ အဲ့ဒါက Date ဆိုတာမှန်ရဲ့လားမသိပေမဲ့သူတို့ပျော်ရပါတယ် ။

အိမ်ရောက်ပြီးနားနေတုန်း
ရိပေါ်ကိုလက်သည်းခြေသည်းညှပ်ပေးလိုက်တယ်။ ဖိလစ်ဟွမ်ပြန်ရောက်လာတော့ထုံးစံအတိုင်းနာကျင်စွာနဲ့အခန်းထဲကိုဝင်သွားခဲ့သည် ။

. . .

ရှောင်းကျန့်စာအုပ်ဖတ်နေတုန်းရိပေါ်က ကြမ်းတိုက်တံနဲ့သန့်ရှင်းရေးလုပ်နေတယ် ။

"ခြေထောက်မလိုက် "

ရှောင်းကျန့်ခြေထောက်မလိုက်တော့ ရိပေါ်ကထိုနေရာကိုသန့်စင်ပေးပြီး တစ်ချက်ငုံ့နမ်းသွားတယ် ။

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now