-32-

6.5K 843 22
                                    

ဂျစ်တူးနေတဲ့ရိပေါ်က သုံးလကြာတော့
သူ့ခြေသူ့လက်နဲ့ရှာဖွေထားတဲ့ သင်တန်းသွားတက်ခဲ့တယ် ။ မိဘတွေဘက်ကိုလည်းရှောင်းကျန့်နားလည်သည် ။ သူတို့အချစ်ရေးကို လက်ခံသဘောတူထားတာကတစ်ပိုင်း တစ်ဦးတည်းသောသားက အားအားယားယားရည်စားနားကပ်ပြီးလေလွင့်နေတာကို သဘောမကျတာကတစ်ပိုင်းပဲ ။ ရှောင်းကျန့်ကိုယ်တိုင်တောင် သူများနိုင်ငံလာပြီး ရှောင်းကျန့်ကပ်ခွာလုပ်နေတဲ့ရိပေါ်အတွက်ရင်လေးခဲ့ရသည် ။

ယခုလည်း တက္ကသိုလ်ဆက်မတက်ရင်တောင် အလုပ်လာကူတော့ဆိုမှသင်တန်းပြေးတက်တာ ။ ရှောင်းကျန့်နားမလည်တဲ့ဘာသာရပ်မို့ဘာမှတော့ဝင်မပြောဖြစ် ။ ရိပေါ်ကသူလုပ်ရမဲ့ဟာ ၊ သူလုပ်နေတာကိုကောင်းကောင်းနားလည်တဲ့ကလေးပဲ ။ ကိုယ့်လူမို့ပြောတာမဟုတ်ပေမဲ့ သူတို့က Same sex relationship ဖြစ်တဲ့အပြင် အသက်ကလည်းခြောက်နှစ်တောင်ကွာသေးတယ် ။ ဒီ Relationship ကို ရိပေါ်က ယခုချိန်ထိအဆင်ပြေပြေကိုင်တွယ်ထားနိုင်တယ် ။ ဒါကထင်သလောက်လွယ်ကူတာမျိုးမဟုတ် ။ အကြီးဖြစ်တဲ့ရှောင်းကျန့်တောင် Stress တွေကြောင့် Relationship ကိုသည်းမခံနိုင်တော့တာတွေဖြစ်ဖူးတယ် ။ ရင့်ကျက်တဲ့အရွယ်ရောက် ယောကျာ်းခြင်း တောင်းပန်ရတာ ၊ သည်းခံရတာ ၊ အလိုလိုက်ရတာမျိုးက သူတို့နှစ်ယောက်လုံးအတွက်ခက်ခဲတယ် ။ ကိစ္စအများစုမှာအဖုအထစ်ဖြစ်လာတိုင်း ရိပေါ်ကပဲအလျှော့ပေးသွားတတ်တယ် ။

သူချစ်ကိုရှာယူတာမဟုတ်ဘဲ ရှောင်းကျန့်လည်း ဒီကောင်လေးကိုသိပ်ချစ်ပါတယ် ။ အလျှော့ပေးရကောင်းမှန်း ကျင့်သားမရနေတာလေးပဲ ။ ရိပေါ်သာ နည်းနည်းလောက်ပိုမရင့်ကျက်ခဲ့ရင် သေလောက်အောင်ချစ်ကြလည်း ခဏလေးနဲ့ပြတ်သွားလောက်ပြီ ။

ရှောင်းကျန့်တွေးရင်းနဲ့ လျှော်ဖို့ပျင်းနေတဲ့ခေါင်းကိုကုတ်လိုက်တယ် ။ ပြတ်မယ်ဆိုတာတွေးတာနဲ့သူကြောက်တယ် ။ ရိပေါ်ကပဲထိန်းနေရတဲ့ Relationship မို့ ရိပေါ်သာစိတ်ကုန်သွားရင်သူဘာဆက်လုပ်ရမလဲ ။ သေချာတာကတော့ သူ
ရိပေါ်နဲ့လမ်းမခွဲနိုင်ဘူး ။

"ပေါင်ပေ့ ဗောက်တက်​နေတာလား သန်းတွယ်နေတာလား "

"မင်းပဲဖြစ်  "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now