-28-

6.1K 847 33
                                    

လူတွေအားလုံးမျက်စိပိတ်လိုက်ပေမဲ့ အမျိုးသမီးကတော့ပြုတ်ကျမသွားခဲ့ပေ ။ ကြံ့ခိုင်တဲ့လက်တစ်ဖက်ကအမျိုးသမီးကိုဆွဲထားပြီး ရှောင်းကျန့်ကိုမယုံနိုင်သလို ကြောက်လန့်စိတ်တွေနဲ့ကြည့်နေတယ် ။ အမျိုးသမီးကိုအပေါ်ဆွဲတင်ပြီးတဲ့အခါ ရိပေါ်ကပျောက်ကွယ်သွားတယ် ။ ရှောင်းကျန့်ထိတ်လန့်ထားတာမို့ပြန်ဆင်းဖို့အဆင်သင့်မဖြစ်သေးပေ ။ ရိပေါ်က ရောဘတ်နဲ့အတူပြတင်းကနေထွက်ကြည့်ပြီး ဒေါသ
အပြည့်နဲ့ထွက်လာတယ် ။

"မင်းတက်မလာနဲ့အန္တရာယ်များတယ် "

ရိပေါ်ရဲ့ပုံကပိုခက်ထန်သွားတယ် ။ သူကတက်မလာခဲ့ပေ ။မလွတ်မလပ်တန်းတွေက နှစ်ယောက်စာဝိတ်ဆိုပိုအန္တရာယ်များတာရိပ်မိသွားလို့လည်းဖြစ်နိုင်ပါတယ် ။ တုန်ချိချိဆင်းလာတဲ့သူက ကိုင်စရာမရှိတဲ့ ပြတင်းဆီခြေချဖို့တုံ့ဆိုင်းနေတော့
ရိပေါ်ကသူ့ခါးကိုစွေ့ခနဲ့စောင့်ဆွဲသွင်းလိုက်တယ် ။

"မင်းရူးနေတာလား ပေါင်ပေ့ "

"ငါ ငါရှင်းပြပါရစေ "

"ရှင်းပြစရာမရှိဘူး မင်းသိပ်လွန်လွန်းတယ် ၊ ဘာလို့အဲ့လိုအရဲစွန့်တာမျိုးကိုလုပ်ရဲရတာလဲ?  တစ်ချက်ခြေချော်တာနဲ့....ခြေချော်လိုက်တာနဲ့ "

ရိပေါ်ကဖြစ်သွားမဲ့အရာကိုစကားနဲ့တောင်မပြောရဲသလို မျက်ရည်တွေပဲစိမ့်လာတယ် ။

"ငါမှားသွားပါတယ် ပေါင်ပေါင်းရဲ့ တစ်ခါပဲခွင့်လွှတ်ပေးပါလား နောက်တစ်ခါ...."

"နောက်တစ်ခါ? ဒီရင်ဘတ်ကိုမင်းစမ်းကြည့်ပါဦး ဆရာဝန်ကြီးရဲ့ စမ်းလေ "

ရှောင်းကျန့်လက်နဲ့ကပ်မိတဲ့ရင်ဘတ်က တဒုန်းဒုန်းခုန်နေတာပေါက်ကွဲတော့မဲ့အတိုင်း ။

"ကျုပ်ကိုကတိပေးထားတယ်မလား ၊ လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့ဆိုတာပဲ ကျုပ်အတန်အတန်ပြောတယ် အတန်တန်တောင်းပန်ခဲ့တယ် ခင်ဗျားခေါင်းထဲ ကျုပ်ကိုအရင်ဆုံးတွေးပေးဖို့အတွက် ထိုင်ကန်တော့ပေးရဦးမလား ဟမ်? "

"ငါလည်းကြောက်နေတာပဲ..  ငါလည်းကြောက်နေခဲ့တာကို အဲ့လိုဆူမှဖြစ်မှာလား "

~ခြောက်နှစ်ငယ်တဲ့ကောင်လေး~Where stories live. Discover now